မစုစုလှိုင်နှင့် Opportunity Journal အင်တာဗျူး

     ၁။ လက်ရှိအချိန်မှာ မြန်မာကျောင်းသားတွေရဲ့ပြည်ပ ပညာရေးအခွင့်အလမ်းတွေဘယ်လောက်အ ထိတိုးတက်မူရှိလဲ သိပါရစေ?

    - မြန်မာနိုင်ငံကကျောင်းသားတွေရဲ့ ပြည်ပ ပညာရေးအခွင့်အလမ်းတွေကအရင်ပြီးခဲ့တဲ့ နှစ်တွေကထက်စာရင်ပိုပြီးကျယ်ပြန့်တိုးတက်လာတယ်။ပြီးခဲ့တဲ့ 2012ခုနှစ်ကဆိုရင် အရှေ့ တောင် အာရှကကျောင်းတွေ အပြင်အနောက်နိုင်ငံနဲ့ဥရောပနိုင်ငံကကျောင်းတွေကပါ မြန်မာ နိုင်ငံကိုခေါင်းစဉ် အမျိုးမျိုးနဲ့ လာရောက်ပြီး ပညာရေး ဈေးကွက် ချဲ့ထွင် လာကြတယ်။ ဥပမာ-ပညာသင်ဆု၊ ပညာသင်ထောက်ပံ့ကြေးစတဲ့ခေါင်းစဉ် အကြောင်းအရာတွေနဲ့ မိတ်ဆက်ဝင် လာကြတယ်။ အဲ့ဒီအခွင့်အလမ်းတွေကို စိတ်ဝင်စားတဲ့ မြန်မာကျောင်းသားတွေအတွက် ပြည်ပ ပညာရေး အခွင့်အလမ်းတွေ တိုးတက်လာတယ်လို့ သုံးသပ် မိပါတယ်။

    ၂။ မြန်မာကျောင်းသားတွေ အနေနဲ့ဘယ်နိုင်ငံတွေမှာသွားရောက်ပညာသင်ကြားမူတွေ များပြား ပါသလဲ?

    - MSI company ရဲ့အတွေ့အကြုံအရ (2007-2009) လောက်အထိ စင်္ကာပူနိုင်ငံတစ်ခု တည်းကိုပဲ မြန်မာနိုင်ငံကကျောင်းသားတွေနဲ့မိဘတွေကအာရုံစူးစိုက်ခဲ့တယ်။ 2010 ခုနှစ် လောက်ကနေစပြီးသိသိသာသာတခြားအရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ထိုင်းနိုင်ငံ၊မလေး ရှားနိုင်ငံဘက်ကိုပြောင်းလဲ လာတယ်။ပြောင်းလဲလာတဲ့ အကြောင်းအရင်းကလည်း ကုန်ကျ  စရိတ်ပိုသက်သာပြီး Foregin Branch Campusesတွေ ရှိတယ် ဆိုတာကို သိလာကြတယ်။ သိလာအောင်လည်း MSI အနေနဲ့တစိုက်မတ်မတ် သတင်းအချက်အလက်တွေကို လွန်ခဲ့တဲ့ (၅)နှစ်လောက်ကတည်းကမြန်မာနိုင်ငံကကျောင်းသားတွေနဲ့မိဘတွေကို မှန်မှန်ကန်ကန်ရွေး ချယ်နိုင်အောင် မျှဝေပေးခဲ့တယ်။မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ အဲ့ဒီလိုပြည့်စုံကောင်း မွန်တဲ့ကျောင်းတွေ ရှိတယ်ဆိုတာကိုမြန်မာနိုင်ငံ ကနိုင်ငံတကာပညာရေးကို စိတ်ဝင်စားတဲ့သူ တွေတောင် မသိခဲ့ကြဘူး။အခုတော့တော်တော်များများ သိလာကြပြီ။

    ၃။ ဘယ်လိုဘာသာရပ်တွေကိုမြန်မာကျောင်းသားတွေ စိတ်ဝင်စားမူ များသလဲ?

    - အရင်နှစ်တွေနဲ့တော့မတူတော့ဘူးပြောင်းလဲလာတာနဲ့အမျှမြန်မာနိုင်ငံ ကကျောင်းသားတွေနဲ့ မိဘတွေက အချိန်နဲ့ အမျှပြောင်းလဲလာတယ်။Liberal Arts ဘာသာရပ်ကို ကျောင်းသား တော်တော် များများက အရင်ကတည်းက စိတ်ဝင်စားခဲ့ပေမယ့်နိုင်ငံခြားမှာ Science and technology ဘာသာရပ်တွေနဲ့ ယှဉ်ရင် အလုပ်အကိုင် အခွင့်အလမ်းနဲတော့ ရွေးချယ်သင် ယူမူနဲတယ်။အခုကျတော့ အဲ့ဒီလို မဟုတ်တော့ဘူး။

    - နိုင်ငံတကာအလုပ်အကိုင် အခွင့်အလမ်းနဲ့အတူ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင် အခွင့် အလမ်း ပေါ်မူတည်ပြီး ကိုယ်စိတ်ဝင်စားရာကိုကိုယ်ရွေးချယ်လာကြတယ်။ပိုပြီး ထူးခြား လာကြတာက ကျောင်းသားတွေက မိမိ ၀ါသနာ ပါတာကို ဦးစားပေးရွေးချယ် လာကြတယ်။

    - အခုဆိုရင်မြန်မာနိုင်ငံမှာဆောက်လုပ်ရေးလုပ်ငန်းတွေ တရှိန်းထိုးတိုးတက်လာတဲ့အတွက် ဆောက်လုပ်ရေး လုပ်ငန်း တွေနဲ့ ဆက်စပ်နေ တဲ့အင်ဂျင်နီယာ ဘာသာရပ်မှန် သမျှအားလုံး စိတ်ဝင်စားလာကြတယ်။ ဥပမာ-Civil ,Architecture, Interior Design ,နဲ့အတူ Mechanical,Electrical,တွေလည်း တော်တော်စိတ်ဝင်စားကြတယ်။ ဒါ့အပြင် Hotel Management,Tourism Management, ဘာသာရပ်တွေနဲ့တခြားစီးပွားရေးနဲ့သက်ဆိုင်တဲ့ ဘာသာရပ်ကိုလည်းစိတ်ဝင်စားကြတယ်။ Medicine(MBBS) ကိုစိတ်ဝင်စားပေမဲ့ တကယ် ၀ါသနာပါတဲ့ကျောင်းသားကနဲတယ်။ Medicine အစား Medicine နဲ့ဆက်နွယ်တဲ့ Medical Biotechnology,Bio Medical Science ,Pharmacy,Pharmaceutical Chemistry, စတာ တွေကိုပြောင်းလဲပြီးသင်ယူလာကြတယ်။

    ၄။ပြည်ပနိုင်ငံတွေကို သွားရောက်ပညာသင်ဖို့ ပညာ အရည်အချင်း လိုအပ်ချက်တွေ ဘာတွေရှိမလဲ?

    - နိုင်ငံခြားမှာပညာသင်မယ်ဆိုရင်Academic နဲ့ Language ရှိတယ်။ Academic မှာဆိုရင် အများအားဖြင့်မြန်မာနိုင်ငံအစိုးရတက္ကသိုလ် ၀င်တန်းအောင်(10)တန်းကျောင်းသားတွေ အ နေနဲ့ နိုင်ငံတကာ အသိအမှတ်ပြု စံချိန်စံညွှန်းမှီ တက္ကသိုလ်တွေ ဆိုရင်(၆)ဘာသာ စုစုပေါင်းအမှတ်(360)နှင့် အထက်ရှိရမယ်။ပျှမ်းမျှဆိုရင် တစ်ဘာသာကို(၆၀)နဲ့ အထက်ရှိရမှာပေါ့။

    - (GCE"O"Level) ပြီးထားတဲ့ကျောင်းသားတွေဆိုရင် Grade-C နှင့် အထက်ရှိရ မယ်။ Languageမှာဆိုရင်English စာဝင်ခွင့်သတ်မှတ်ချက်ကကျောင်း တိုင်းမှာရှိတယ်။ IELTS, TOFEL တွေကိုမြန်မာနိုင်ငံမှာဖြေလို့ရတယ်။အဲ့ဒါတွေကိုမြန်မာနိုင်ငံမှာ မဖြေချင်ဘူး ဆိုရင် သက်ဆိုင်ရာတက္ကသိုလ်တွေရဲ့English အရည်အချင်းစစ်စာမေးပွဲတွေကို MSI Office မှာ ကြိုတင်စာရင်းပေးသွင်းပြီးဖြေလို့ရတယ်။

    ၅။ပြည်ပမှာသွားရောက်သင်ကြားတဲ့ တချို့ကျောင်းသားတွေ ဟိုမှာ အဆင်မပြေဖြစ်တာတွေကြားရပါတယ်။ အဲဒီအခါမှာ ပညာရေး ၀န်ဆောင်မူ အေဂျင်စီ အနေနဲ့ ဘယ်လိုဖြေရှင်းပေးနိုင် ပါသလဲ?

    - တခြားပညာရေးဝန်ဆောင်မူအေဂျင်စီတွေဘယ်လိုဖြေရှင်းပေးနေသလဲဆိုတာMSIအနေနဲ့တိတိကျကျမသိဘူး။အစ်မတို့ MSI အနေနဲ့ကတော့ ကျောင်းသားတွေကို အစ်မတို့ ရဲ့ခိုင်မြဲတဲ့ ဆောင်ပုဒ်ဖြစ်တဲ့ "One Stop Quality Service" နဲ့အညီကျောင်းသူ၊ ကျောင်းသားတွေကို မိသားစုစိတ်ဓာတ်နဲ့ကိုယ့်သွေးရင်းသားရင်းတွေနိုင်ငံခြားမှာပညာ သွားသင်သလို့မျိုး အစစအရာရာ အားလုံး အခက်အခဲ မရှိအောင် ကိုယ်တတ်နိုင်တဲ့အရာ မှန်သမျှ အားလုံးကို MSI Company ကိုစပြီးတည်ထောင်ကတည်းက စေတနာ အပြည့်နဲ့ဝန်ဆောင်မူပေးခဲ့တယ်။ ကျောင်းသားတွေရဲ့ အခက်အခဲမှန်သမျှကိုလည်း ကူညီဖြေရှင်းပေးခဲ့တယ်။ အဲ့ဒီလိုကူညီပေးခဲ့တဲ့ အတွက်လည်း ကျောင်းသားဟောင်းတွေကလည်းနောက်လာမည့် ကျောင်းသားအသစ် တွေကိုဆင့်ကဲဆင့်ကဲ ကူညီပေးသွားကြတော့ ဟိုဘက်ရောက်တဲ့အထိ MSI က ကျောင်းသား တွေအခက်အခဲဆိုတာမရှိခဲ့ဘူး။ ရှိခဲ့ရင်လည်း ကျောင်းသားအချင်းချင်း ကူညီပေးကြတယ်။ ကျောင်းသားတွေ အချင်းချင်း ကူညီလို့မရတဲ့ ကိစ္စမျိုးဆိုရင် MSI က တက်နိုင်သလောက်အစွမ်း စွမ်းကုန် ကူညီပေးတယ်။

    ၆။ပြည်ပနိုင်ငံတွေမှာကျောင်းတက်မယ်ဆိုရင် ကုန်ကျစရိတ် အနည်းအများ ဘယ်လိုမျိုး ကွားခြားပါသလဲ?

    - နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်, အင်္ဂလန်, သြစတြေးလျ, နယူးဇီလန်စတဲ့နိုင်ငံကြီး တွေရဲ့ ကျောင်းလခက အရှေ့တောင်အာရှမှာ ပညာသင်တာထက်စာရင် ထက်ဝက်ကျော်များတယ်။ နေထိုင်စားသောက်စရိတ်ဆိုရင်လည်း ထက်ဝက်ကျော်ဈေးများတယ်ဆိုပေမယ့် ကိုယ်သုံးတဲ့အသုံးစရိတ်ပေါ်မူတည်ပြီး ကုန်ကျစရိတ်ပြောင်းလဲနိုင်တယ်။

    ၇။ပညာရေးဝန်ဆောင်မူအေဂျင်စီတစ်ခု အနေနဲ့ပြည်ပကို ပညာသွားရောက် သင်ယူကြမယ့်ကျောင်းသားတွေကို ဘယ်လို ၀န်ဆောင်မူပေးပါ သလဲ။ ဘယ်လို အခက်အခဲတွေကြုံတွေ့ ရပါသလဲ?

    - အစ်မတို့MSIပညာရေးဝန်ဆောင်မူမှာတော့ကဏ္ဍနှစ်ပိုင်းခွဲခြားထားပါတယ်။Before Service & After Service ပါ။Before ServiceMSI ရဲ့ဝန်ဆောင်မှု ။ - ကျောင်းသားနှင့်မိဘအုပ်ထိန်းသူများအား နားလည်သဘောပေါက်သည်အထိရှင်းလင်းဆွေးနွေးပေးခြင်း၊
    - ပညာသင်ဆုနှင့် ဘာသာရပ်ကင်းလွတ်ခွင့်များ လျှောက်ထားနိုင်ရန်စီစဉ် ဆောင်ရွက်ပေးခြင်း။
    - ကျောင်းလျှောက်ရာတွင်လိုအပ်သော စာရွက်စာတမ်းအားလုံးကိုလည်း ကျောင်းသားများ အတွက် တိကျမှန်ကန်ပြီး သေချာပြည့်စုံစေရန် စီစဉ်ဆောင်ရွက် ပေးခြင်း။
    - ဆေးစစ်ရန်အတွက်လည်း ISOလက်မှတ်ရ MEDICAL CENTER များနှင့်ဆက်သွယ်ဆောင်ရွက်ပေးခြင်း။
    - ပြည်ပထွက်ခွာရန်အတွက် D-Form လျှောက်ပေးခြင်း။
    - လေယာဉ်လက်မှတ် Booking ကိစ္စစီစဉ်ဆောင်ရွက်ပေးခြင်း။
    - လိုအပ်ပါက ကျောင်းသားနှင့် မိဘအုပ်ထိန်းသူများအတွက် လေဆိပ်အကြိုအပို့နေထိုင်ရေးကိစ္စများကိုပါ ဆောင်ရွက်ပေးခြင်း။

    - မိဘအုပ်ထိန်းသူများအနေဖြင့်မိမိတို့၏သားသမီးများအားသက်ဆိုင်ရာကျောင်းရှိရာနိုင်ငံသို့ လိုက်ပါပို့ဆောင် လိုပါက Visit Visa ရရှိရန်စီစဉ်ဆောင်ရွက်ပေးခြင်းစသည့်ဝန်ဆောင်မှု များစီစဉ်ပေးလျက်ရှိပါတယ်။

    - အဓိက High light လုပ်ချင်တာကတော့ MSI ရဲ့ဆောင်ပုဒ်က Education Councelling Guidance (ECG) ပါ။ MSI ရဲ့ Logo ကိုသေချာကြည့်မယ်ဆိုရင် Knowledge, Career ,Family ကိုမြင်နိုင်ပါတယ်။ Knowledge ဆိုတဲ့နေရာမှာကျောင်း သားတွေကို MSI အနေနဲ့ မိမိသိထားသမျှအရာအားလုံးကိုမချွင်းမ ချန်မကွယ်မ၀ှက် ကျောင်းသားတွေနဲ့ မိဘတွေ ဆီကို သိ ရှိနားလည်အောင် မျှဝေပေးမည်။ Career ဆိုတဲ့ နေရာမှာ လုပ်ငန်းခွင်ဝင်တဲ့နေရာမှာ အဓိကကျတဲ့ အချက်တွေ သိသင့်သိထိုက်တဲ့အကြောင်းအရာတွေကိုမျှ ဝေပေးမယ်။ လမ်းကြောင်းချပေးမယ်။ Family ဆိုတာကတော့ မိသားစုစိတ်ဓာတ်နှင့်စေတနာမေတ္တာထည့် ပြီး ၀န်ဆောင်မှုပေးခြင်းဖြစ်ပါတယ်။

    - After Service မှာတော့ကျောင်းသားတွေဟိုရောက်သွားတဲ့အခါမှ ကျောင်းနဲ့ပတ်သတ်အရာတွေ အားလုံးကိုအခက်အခဲမရှိအောင်အကောင်းဆုံးFollow Up Systemနဲ့ကူညီပေးနေပါတယ်။

    ၈။ပြည်ပနိုင်ငံတွေမှာ သွားရောက် ပညာ သင်ယူမယ့်မြန်မာကျောင်းသားတွေ အနေနဲ့ ဘာတွေပြင်ဆင်ထားဖို့ လိုအပ် ပါသလဲ?

    MSI အနေနဲ့အကြံပေးချင်တာက နိုင်ငံခြားမှာ ပညာသွား သင်ဖို့စိတ်ကူရှိတဲ့ အချိန်က စပြီး ချက်ချင်း English language ကိုလေ့လာဖို့ပြင်ဆင်ပါ။Language Barrier ကိုကျော်လွှား သွားပြီဆိုရင် 50%က စိတ်ချရပြီ။ကျန်တဲ့50%ကတော့ကျောင်းသားတွေကျောင်းရွေးချယ်မူမမှားဖို့နဲ့ကိုယ်ဝါသနာပါတာကိုဦး စားပေးဖို့အကြံပေးချင်ပါတယ်။ကျောင်းရွေးချယ်တဲ့အခါမှာလည်း မိမိရွေးချယ်မယ့်ကျောင်းဟာကမ္ဘာ အဆင့်အတန်းဝင် တက္ကသိုလ်ကျောင်းဖြစ်ရမယ် ။ အတတ် နိုင်ဆုံး Top – 1 to 300 အဆင့် ထဲမှာ ရှိတဲ့တက္ကသိုလ်ကျောင်းဖြစ်သင့်တယ် ။သက်ဆိုင်ရာကျောင်းမှ တာဝန်ရှိပုဂိုလ်များရဲ့ ပြောစကားများ၊ ၎င်းကျောင်းများနှင့် ချိတ်ဆက်ထားတဲ့ Agency များမှတာဝန်ရှိသူများ၏ ပြောစကားများကိုလည်း မိမိနဲ့ကိုက်ညီမှုရှိမရှိ လေးလေးနက်နက်စဉ်းစားချင့်ချိန်သင့်တယ်။ တက္ကသိုလ်ကျောင်းတစ်ခုမှာအဲဒီ ကျောင်းကသင်ကြားတဲ့ ဘာသာရပ်တွေ အားလုံး ကောင်းတယ် ဆိုတာရှိတော့ရှိတယ် ရှားတယ်။ အဲဒီတော့ ကျောင်းသားတွေအနေနဲ့ ရှုထောင့်ပေါင်းစုံကနေပြီး ဟန်ချက်ညီညီမျှမျှတတရွေးချယ် သင့်တယ်။ဥပမာ - ကုန်ကျစရိတ်နဲ့ ထိုက်တန်တဲ့အကျိုးရှိတဲ့ရလာဒ်တခု ပြန်ရနိုင်မရနိုင် ၊ မိမိသွား ရောက်ပညာ သင်ကြားမယ့် နိုင်ငံနှင့်ပတ်ဝန်းကျင် အနေအထားကို ကျောင်းသားအပါအ၀င် မိဘ တွေအပြန်ပြန်အလှန်လှန် ဝေဖန်စဉ်းစားသင့်တယ်။ နောက်ပြီးအရှေ့က ထွက်သွားတဲ့ ကျောင်းသား ဟောင်းတွေရဲ့ အကြံဥာဏ်ပေးမှုနှင့် အတွေ့အကြုံများ ကိုလည်းရယူစဉ်း စားသုံး သပ်သင့်တယ်။ MSI အနေနဲ့မြန်မာနိုင်ငံမှ (၁၀)တန်း အောင်ကျောင်းသားတွေ ကိုအကြံပေးချင်တာက - (၁၀)တန်းအောင် ပြီးသားကျောင်းသားတွေဟာ တက္ကသိုလ်ကျောင်း ပရ၀ုဏ် အတွင်းမှာ ပဲရှိသင့်တယ်။ အဲဒီတက္ကသိုလ် ဟာလည်း ကမ္ဘာ့ထိပ်တန်းအဆင့်ဝင်တက္ကသိုလ်ကျောင်းဖြစ်သင့်တယ် ။

    ၉။ဟိုမှာဘယ်လို အခက်ခဲတွေကြုံတွေ့ ရနိုင်မလဲ?

    - No(8)မှာပြောသွားခဲ့တဲ့အတိုင်းပါပဲ။အဲ့ဒီအချက်တွေကိုပြင်ဆင်သွားမယ်ဆိုရင်အခက်ခဲမရှိနိုင်ပါ

    ၁၀။ပြည်ပကို သွားရောက် ပညာ သင်ကြားမယ့် လူငယ်တွေကို ဘယ်လို အကြံပေးချင်ပါသလဲ? (MSI) အကြံပြုချက်

    - နိုင်ငံရွေးချယ်မှုကို အဓိကထား ဦးစားမပေးပဲ မိမိ တက်ရောက်မည့် ဘာသာရပ်နှင့် ကျောင်း၏ အဆင့်အတန်း ကိုပါ ပူးတွဲ စဉ်းစားသင့်သည်။ ဘဏ္ဍာရေး အပိုင်းမှာ ကတော့မိဘနဲ့ သားသမီး သေချာဆွေးနွေး တိုင်ပင် သင့်တယ်။

    - ဘာပဲလုပ်လုပ်အထပ်ထပ်အခါခါ အသေအချာ စဉ်းစားပါ။ နိုင်ငံခြားမှာ သွားပြီးတော့ ပညာသွား သင်တော့မယ် ဆိုရင် အားလုံးထက် အဓိက အရေးကြီးဆုံးက ဇွဲ၊ လုံ့လ၊ ၀ီရိယ၊ ကြိုးပမ်းအားထုတ်မူနဲ့ ဥာဏ်ရည် ထက်မြက်မူက အဓိက လိုအပ်ပါတယ်။

Comments

There are no comments

Posting comments after three months has been disabled.