ma-su-su-hlaing.jpg

"Ma Su Su Hlaing"

 မြန်မာကျောင်းသားတွေရဲ့ ပြည်ပပညာရေးအခွင့်အလမ်း ပိုမိုရရှိလာပြီလား။(ယခင်ကနဲ့ အခု)
 

ပြည်ပပညာရေးအခွင့်အလမ်းတွေကလည်းအရင်ကနဲ့မတူပဲ ရွေးချယ်စရာတွေအရမ်းများလာတယ်။

    အရင်တုန်းကဆိုရင် သြစတြေးလျ၊ အင်္ဂလန် ၊ အမေရိကန် စတဲ့နိုင်ငံကြီးတွေကဘွဲ့ကိုလိုချင်တယ်ဆိုရင် အဲဒီနိုင်ငံကို သွားပြီးသင်ရတယ်။ အခုဆိုရင် အရှေ့တောင်အာရှမှာအဲဒီနိုင်ငံကြီးတွေကဖွင့်တဲ့ကျောင်းခွဲတွေမှာ၊ သို့မဟုတ် အဲဒီတက္ကသိုလ် တွေကသင်ရိုးညွှန်းတမ်းတွေကိုသင်နေတဲ့ကျောင်းတွေမှာလည်း ကုန်ကျစရိတ်သက်သက်သာသာနဲ့ သင်လို့ရတယ်။ ကျောင်းအမှန်အကန်ကိုရွေးချယ်တတ်ဖို့တော့လိုတာပေါ့။

    နိုင်ငံတကာလုပ်ငန်းခွင်တွေမှာလိုအပ်နေတဲ့ ဘာသာရပ်အသစ်အဆန်းတွေလည်းပိုများလာတယ်။ နိုင်ငံတော်ပြန်လည်တည် ဆောက်ရေး မှာ အသိပညာရှင်၊ အတတ်ပညာရှင်တွေအများကြီးလိုအပ်လာတာနဲ့အမျှ အခုလိုအပြောင်း အလဲကာလမှာ နိုင်ငံခြားဘွဲ့ရပညာတတ်တွေ Demand များလာတယ်လေ။


    ယခုနှစ်အတွင်းပညာရေးအေဂျင်စီဘယ်နှစ်ခုလောက်ကနေကျောင်းသား ဘယ်နှစ်ယောက်လောက် ပြည်ပမှာသွားရောက် ပညာသင်ကြားနေလဲ။

    အဲဒါကတော့အေဂျင်စီတွေကအများကြီးရှိတော့ပြောရခက်ပါတယ်။


    ဘယ်နိုင်ငံတွေသွားတာများလဲ၊ဘယ်လိုဘာသာရပ်တွေကို ပိုမိုစိတ်ဝင်စားကြလဲ၊ ဘယ်လိုလူမျိုးတွေက ပြည်ပ မှာသွားရောက်သင်ယူကြသလဲ၊

    MSI အနေနဲ့ပြောရမယ်ဆိုရင် မလေးရှား၊ ထိုင်း ၊ စင်္ကာပူ တွေကို သွားတက်ကြတာ များတယ်။ MSI အနေနဲ့လည်း အဲဒီလို ဆင့်ကူးခံ ပညာရေးကို ပထမ အဆင့် အနေနဲ့ သွားတက်ဖို့ Recommend ပေးတယ်။ အကျိုးကျေးဇူးတွေက အများကြီး ရှိတယ်။ မြန်မာနိုင်ငံကကျောင်းသားတွေတောင် မဟုတ်ဘဲ အရှေ့တောင်အာရှမှာ ရှိတဲ့သူတွေတောင်မှ ဆင့်ကူးပညာရေးကို တဖြည်းဖြည်းနဲ့ အာရုံစိုက်လာကြတယ်။

    ဘာသာရပ်တွေကတော့ - Engineer, Medicine, Business, Pre University , Hospitality and Tourism, MBA , Political Science , International Relations (IR) , Psychology စတာတွေကိုရွေးချယ်ကြတယ်။

    ပြည်ပ ပညာရေးက မန်မာကျောင်းသားတွေအတွက်အခက်အခဲတွေရှိသလား၊ ရှိလျှင်လည်းဘယ်လိုအခက်အခဲများလဲ၊

    ဘယ်ကိစ္စပဲလုပ်လုပ်အခက်အခဲအနည်းနဲ့အများကတော့ရှိနေမှာပဲ ကျောင်းသား ဖက်က ရည်မှန်းချက်ကြီးကြီးနဲ့ ပညာသင်ဖို့စိတ်အားထက်သန်နေမယ်ဆိုရင်တော့ ဘယ်လိုအခက်အခဲမဆို ကျော်လွှားနိုင်မှာပါ။

    ပညာရေးဝန်ဆောင်မှုတွေဖက်ကလဲ ကျောင်းသားဟိုဖက်မရောက်ခင်မှာလုပ်သင့်တာတွေ ကူညီသင့်တာ တွေအားလုံး ကို ၁၀၀ % မဟုတ်ရင်တောင်မှ ၁၀၀ % နီးပါး ကူညီပေးခဲ့မယ်ဆိုရင် အခက်အခဲအနည်းငယ်ရှိပေမယ့် အဆင်ပြေ မှာပါ။

    ကျောင်းတတ်ဖို့ ကုန်ကျစရိတ်ကအနည်းဆုံးနဲ့  အများဆုံး ဘယ်လောက်လဲ၊

    ကုန်ကျစရိတ်ကတော့ကျောင်းသားရွေးချယ်တဲ့နိုင်ငံနဲ့ ရွေးချယ်တဲ့ဘာသာရပ်အပေါ်မူတည်ပါတယ်။

    အင်္ဂလိပ်စာဘာသာရပ်ကနေစပြီး မိမိကြိုက်နှစ်သက်ရာဒီဂရီတန်းအထိဆိုရင် ကျောင်းလခတွေက အနည်းဆုံး (၈) သိန်း လောက်ကစပြီးကုန်ကျမယ်။

    အေဂျင်စီတွေမှာကော အခက်အခဲ တွေရှိသလား၊ ရှိလျှင်လည်း ဘယ်လိုအခက်အခဲများလဲ၊

    အခက်အခဲဆိုတာရယ်တော့ထူးထူးခြားခြားကြီးမရှိပါဘူး ။ ကျောင်းသားတွေနဲ့ မိဘတွေကိုနားလည် သဘော ပေါက်တဲ့ထိ ရှင်းပြဖို့တော့ လိုတယ်။ ကျောင်းသားနဲ့မိဘဖက်ကလည်းသေသေ ချာချာပြောသမျှကိုလေ့လာသုံးသပ် အပြန်အလှန် ဆွေးနွေးမေးမြန်းဖို့လိုတယ်။

    အေဂျင်စီတွေမှာကော ပြောင်းလဲ သင့် တဲ့ စည်းမျည်း တွေရှိသလား၊

    ဘယ်အလုပ်မဆို Ethic ရှိဖို့လိုတယ်။ မိမိခံယူထားတဲ့ ခံယူချက် အပေါ်မူတည်။ မိမိက Agency, အနေနဲ့ခံယူလား ၊ ပညာရေး အတိုင်ပင်ခံ အနေနဲ့ခံယူလား ၊ Agency အနေနဲ့ခံယူရင်လည်း Agency Ethic ရှိရမယ်။ အတိုင်ပင်ခံအနေနဲ့ ခံယူရင်လည်း အတိုင်ပင်ခံတစ်ဦးရဲ့ Ethic ရှိရမယ်။ မိမိပြောင်းလဲသင့်တဲ့ စည်းမျဉ်းတွေဆိုတာထက် ဘာပဲလုပ်လုပ် Ethic ရှိသင့်တယ်။ Morality ရှိရမယ်။

    သုံးသပ်ချက်ကလေးလည်း လိုချင်ပါတယ်၊

    မြန်မာနိုင်ငံက ပွင့်လင်းစပြုလာတော့နိုင်ငံတကာက ကဏ္ဍပေါင်းစုံ ၊ ဘက်ပေါင်းစုံအတွက် အာရုံစိုက် လာကြတယ်။ အဲဒီအခါကျတော့ အမတို့ ပညာရေးပိုင်းနဲ့ ပတ်သက်ပြီးပြောရမယ် ဆိုရင်တော့ အမတို့မြန်မာနိုင်ငံမှာ နိုင်ငံခြား ပညာရေးကို ဈေးကွက်တခုအနေနဲ့ ၀င်ရောက်လာကြတယ်။ ကျောင်းသားတွေကလည်း ပြည်ပညာရေးကို စိတ်စားလာကြတော့ နိုင်ငံ တကာမှာ ရှိတဲ့ကျောင်းတွေကနေပြီး အများကြီး ကမ်းလှမ်း လာကြတယ်။ အဲဒီလိုကမ်းလှမ်းလာတဲ့ အပေါ်မှာ မြန်မာ နိုင်ငံဖက်ကပညာရေး ၀န်ဆောင်မှုတွေ အနေနဲ့က ကမ်းလှမ်းချက်တိုင်းကို အကျိုးအမြတ် တစ်ခုတည်းကိုကြည့်ပြီး လက် မခံသင့်ဘူး။ ကျောင်းသားတွေကို တကယ့် Quality ပညာရေးပေး နိုင်မယ့်ကျောင်းမျိုး ၊ ကျောင်းသားတွေရ ရှိလာမယ့် Certificate ကလည်းနိုင်ငံတကာ အသိအမှတ်ပြုမယ့်အပြင် အရည်အသွေးပြည့်မှီတဲ့ Certificate ဖြစ်ဖို့ပညာရေး ၀န်ဆောင်မှုတွေ ဖက်က မိမိတတ်စွမ်းသလောက် သေသေချာချာ စိစစ်သင့်တယ်။

    အမတို့ MSI အနေနဲ့ကတော့ ပညာရေး အတိုင်ပင်ခံကောင်းဖြစ်ဖို့ ခံယူ ထားတဲ့အတွက် အတတ်နိုင်ဆုံး ကျောင်းသားတွေနဲ့မိဘ တွေဖက်ကကြည့်ပြီး ကျောင်းတွေကို စိစစ်ရွေးချယ်တယ်။ ပညာရေးအတိုင်ပင်ခံဖြစ်တဲ့အတွက် Overseas Migrate ကိုဦးစားမပေးဘူး Quality Education ကိုဦးစားပေးခဲ့တယ်။ အမတို့က ပညာရေး အတိုင်ပင်ခံလို့ ခံယူထားတဲ့အတွက် အဲဒီ Ethic နဲ့အညီ သွားနေတယ်။

    အခွင့်အလမ်းတွေများလာတာနဲ့ အမျှ ရွေးချယ်စရာတွေ များလာတယ်။ အဲလိုေ၇ွးချယ်စရာတွေ များလာတဲ့ အပေါ်မှာ ကျောင်းသားတွေနဲ့ မိဘတွေကလည်း ရွေးချယ်မှု လမ်းကြောင်းမမှားဖို့အတွက် ကြိုတင်လေ့လာ ၊ သုံးသပ်၊ ဆုံးဖြတ် ၊ စဉ်းစား တတ်ဖို့ လိုအပ်တယ်။ မိမိယုံကြည်စိတ်ချရမယ်လို့ ယူဆတဲ့ပညာရေး အတိုင်ပင်ခံနဲ့ တိုင်ပင်ရာမှာလည်း ပွင့်လင်းမြင်သာမှုရှိဖို့လိုအပ်တယ်။ ကျောင်းသား ၊ မိဘ ၊ Agency သုံးဦးသုံးဖလှယ်ပူးပေါင်းမှ ကျောင်းရွေးချယ်မှုနဲ့ ကျောင်းသားအတွက် ဘ၀လမ်းကြောင်း မှန်ကန်မယ်လို့ အမတို့ MSI အနေနဲ့ ယူဆသုံးသပ်ပါတယ်။

Comments

There are no comments

Posting comments after three months has been disabled.