14454519_1819882438243535_1656241963_n.jpg

Kaplan Higher Education Academyတွင်Bachelor of Business Studiesကိုတက်ရောက်ခဲ့သည်မောင်ရှိန်းသက်နောင်

Kaplan Higher Education Academy တွင် Bachelor of Business Studies ကို တက်ရောက်သင်ကြားခဲ့သည့် မောင်ရှိန်းသက်နောင်၏ Student Life.

၁။ အမည်၊ အသက်၊ နေရပ်လိပ်စာ
    ရှိန်းသက်နောင်/27နှစ်/မန္တလေး
 
၂။ မြန်မာနိုင်ငံမှာပြီးဆုံးခဲ့တဲ့ပညာအရည်အချင်း
    ဒုတိယနှစ် MBBS
 
၃။ တက်ရောက်ခဲ့တဲ့ ကျောင်းအမည်နဲ့ဘာသာရပ်။
    Kaplan Higher Education Academy/ Bachelor of Business Studies
 
၎။ ဘာကြောင့်ဒီဘာသာရပ်ကိုရွေးချယ်ခဲ့တာလဲ။
    Business Management ကို စိတ်ဝင်စားလို့ပါ။
 
၅။ Kaplan ကိုရွေးချယ်ရတဲ့အကြောင်းရင်း။
 
   Kaplan ကိုရွေးချယ်ခဲ့တာက အကြောင်းအရင်း အများကြီးရှိပါတယ်။ အဓိက ကတော့ အချိန်တို၊ နှစ်တိုတိုနဲ့    Bachelor ဘွဲ့ကို ရနိုင်တာရယ်၊ Singapore ရဲ့ အကောင်းဆုံး Private ကျောင်းတွေထဲမှာ ထိပ်ဆုံးကပါတာရယ်ကြောင့်ပါ။ ဒါ့အပြင် Singapore နိုင်ငံရဲ့ အလုပ်ကိုင်ရှာဖွေရေး website တော်တော်များများကလည်း ထောက်ခံထားတယ်။ Singapore အစိုးရက ပေးထားတဲ့ 4years Edu Trust ရထားတာရယ်ကြောင့်ရွေးချယ်ခဲ့တာပါ။ နောက်ပြီး MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှုကလဲ ဒီကျောင်းကိုရွေးချယ်ဖို့ အကောင်းဆုံးအကြံဥာဏ်ပေးခဲ့ပါတယ်။
 
၆။ Kaplan နဲ့ချိတ်ဆက်ထားတဲ့ University တွေထဲကမှ University College Dublin (Ireland) ကို ဘာကြောင့်   
    ရွေးချယ်ခဲ့တာလဲ။
    UCD ကိုရွေးခဲ့တာကလည်း UCD ရဲ့ သင်ရိုးတွေနဲ့ ဘာသာရပ်တွေကိုကြိုက်လို့ပါ။
 
၇။ နိုင်ငံခြားမှာကျောင်းမတက်ခင် မြန်မာနိုင်ငံမှာဘယ်လိုတွေပြင်ဆင်ခဲ့လဲ။
    ကျောင်းမတက်ခင်ကတော့ English ပဲ prepare လုပ်ခဲ့တာပါ။
 
၈။ Diploma မတက်ခင် Professional Business English Program (PBEP) ကို Kaplan Singapore မှာတက်ခဲ့တဲ့  အတွက် ဘယ်လိုအကျိုးကျေးဇူးတွေရရှိခဲ့လဲ။
     IELTS ကို မြန်မာပြည်မှာ prepare မလုပ်ပဲ Kaplan ရဲ့ placement test ဝင်ဖြေပြီးတော့ PBEP ကို level 5 ကနေ တက်ခဲ့တာပါ။ ကိုယ်ယူတဲ့ ဘာသာက Business ပိုင်းဖြစ်တဲ့အတွက် Business English အသုံးအနှုန်း တွေကို အခြေံခံကျကျ လေ့လာခွင့်ရခဲ့ပါတယ်။ နိုင်ငံတကာက classmate တွေနဲ့ လည်း ခင်မင်ခွင့်ရခဲ့တဲ့အတွက် culture difference တွေ အဲ့ဒီအချိန်တည်းက လေ့လာခွင့်ရခဲ့ပါတယ်။ အဓိကအနေနဲ့ကတော့ presentation skill ကို အခြေခံကျကျ သင်ယူခွင့်ရခဲ့ပါတယ်။ အဲဒီကရခဲ့တဲ့အခြေခံကောင်းတွေနဲ့ Diploma နဲ့ Bachelor တန်းတွေမှာ အခက်အခဲမရှိ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
 
၉။  Kaplan Singapore ကျောင်းကိုဘယ်လိုလျှောက်ထားခဲ့တာလဲ။
     Kaplan ကျောင်းကိုတော့ Myanmar Search International (MSI) ပညာရေး agency မှတဆင့်လျှောက်ထားခဲ့တာပါ။
 
၁၀။ ကျောင်းတက်နေတဲ့အတောအတွင်း ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကိုဘယ်လိုဖြေရှင်းခဲ့လဲ။
      ကျောင်းတက်နေတဲ့ကာလမှာတော့ အခက်အခဲ ကြီးကြီးမားမား မရှိခဲ့ပါဘူး။ ကျောင်းမှာလည်း မြန်မာနိုင်ငံသားတွေအတွက် country manager လည်းရှိတော့ အကူအညီတခုခုလိုရင် သူ့ဆီပဲသွားမေးဖြစ်ပါတယ်။
 
၁၁။ နိုင်ငံခြားမှာပညာသွားသင်မယ့်ကျောင်းသားတစ်ဦးအနေနဲ့ ဘယ်လိုအခက်အခဲတွေတွေ့နိုင်လဲ။    ဘာတွေကြိုတင်ပြင်ဆင်ထားဖို့လိုအပ်လဲ။
      အဓိကအနေနဲ့တော့ language ကိုပြင်ဆင်စေချင်ပါတယ်။ ပြီးတော့ ကိုယ်သွားမဲ့နိုင်ငံရဲ့ culture ကိုလည်း အရင်လေ့လာထားသင့်တယ်လို့ ထင်ပါတယ်။ English Language က Kaplan မှာလဲသင်လို့ရပြီး အချိန်တိုတိုနဲ့ထိရောက်ပါတယ်။
 
၁၂။ Kaplan ကနေကျောင်းပြီးထားတဲ့ကျောင်းသားတစ်ယောက်အနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေက     ဘယ်လိုရှိလဲ။
      Kaplan က Singapore မှာ အသိအမှတ်ပြုတာကြောင့် ကျောင်းပြီးတာနဲ့ Singapore မှာရှိတဲ့ Companyတွေမှာ လစာကောင်းတဲ့ ရာထူး ၊အလုပ်အကိုင၊် အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်။
                                                                                             
၁၃။ အခုလုပ်ငန်းခွင်ဝင်နေပြီလား။ လုပ်ငန်းခွင်အတွေ့အကြုံလေးပြောပြပေးပါ။
      အခုမြန်မာနိုင်ငံမှာအလုပ်ဝင်နေပါပြီ။ Genex Jnfosys Limited မှာ Assistant Operations Manager ရာထူးနဲ့ပါ။ လစာလဲအဆင်ပြေပါတယ်။ ကျောင်းမှာတုန်းက Management ပိုင်းကို စာတွေ့ပဲသင်ခဲ့ရပေမဲ့ လက်တွေ့မှာလည်း အများကြီး အထောက်အကူပြုပါတယ်။ သင်ခဲ့ရသမျှတွေကို လက်တွေ့အသုံးချနေရတာပဲဖြစ်ပါတယ်။ အခက်အခဲရယ်လို့တော့မရှိပါဘူး။ အကုန်အဆင်ပြေပါတယ်။
 
၁၄။ နိုင်ငံခြားမှာပညာသွားသင်မယ့်ကျောင်းသား/သူတွေအတွက်အကြံပြုချက်။
      နိုင်ငံခြားမှာ ပညာသွားသင်မယ်ဆိုရင် အဓိက စဉ်းစားရမှာ ကိုယ်ဝါသနာပါတဲ့ ဘာသာရပ်ကိုပါ။ ပြီးရင်တော့ ဘယ်ကျောင်းတွေမှာ အဲ့ဒီဘာသာကိုသင်ယူလို့ရမလဲ။ ကြာချိန် နဲ့ school fees တွေစဉ်းစားဖို့လိုပါမယ်။ အဲ့ဒီကျောင်းက ဘယ်လိုအာမခံချက်တွေရှိလဲ၊ ဘယ်လောက်အဆင့်မှာရှိသလဲ၊ ဝင်ခွင့်ကဘာတွေလိုအပ်မလဲ စသည်တို့ကို သေချာ လေ့လာ ပြီးမှ ပြင်ဆင်သင့်ပါတယ်။ အခုလို ကျောင်းရွေးချယ်တဲ့အခါမှာ sales oriented မဟုတ်ပဲ service oriented ကိုပေးတဲ့ ဝန်ဆောင်မှု ကောင်းတဲ့ ပညာရေး agency တွေကိုလည်း ရွေးချယ်တတ်ဖို့လိုပါမယ်။  နိုင်ငံရပ်ခြားမှာ ပညာသွားရောက်သင်ယူမဲ့ ညီလေး ညီမလေးတွေ အဆင်ပြေပြေနဲ့ အောင်မြင်မှုတွေ သိမ်းပိုက်နိုင်ကြပါစေ။

Comments

There are no comments

Posting comments after three months has been disabled.