14657791_1176801722412617_954805472_n.jpg

Khant Htut Lwin Interview.

မြန်မာနိုင်ငံမှာရှိတဲ့လမ်း၊တံတားအဆောက်အအုံများကိုကိုယ်တတ်ထားတဲ့ပညာနှင့်Qualityကောင်းကောင်း၊အရည်အသွေးမီအောင်တစ်ဖက်တစ်လမ်း
ကူညီပေးချင်တဲ့ကျောင်းသားခန့်ထွဋ်လွင်အင်တာဗျူး  ။ 
 
။ အမည် ၊ အသက် ၊ နေရပ်လိပ်စာ။
     မောင်ခန့်ထွဋ်လွင် ။ ၁၉  နှစ် ။ (68/B) ကံ့ကော်မြိုင်လမ်း။ ပါရမီ ။ ရန်ကင်း
 
၂။ မြန်မာနိုင်ငံမှာ နောက်ဆုံးပြီးခဲ့တဲ့ ပညာအရည်အချင်း။
     MNC (Myanmar Noble College )မှာ HND (Higher national Diploma in engineering )နဲ့ ပြီးဆုံးခဲ့ ပါတယ်။

၃။ ယခုတက်ရောက်နေတဲ့ကျောင်းအမည်နဲ့ဘာသာရပ်။

သြစတြေးလျတက္ကသိုလ် Curtin University, Sarawak ပြည်နယ်, Miri campus မှာ BE Civil Engineering                                                                                                                                            ကိုတက်ရောက်သင်ကြားနေပါတယ်။

၎။ Curtin University Sarawak (Malaysia)  ကိုရွေးချယ်ရတဲ့အကြောင်းရင်း။                                                       

အဓိက အကြောင်းအရင်းကတော့ HND တက်တုန်းပြီးခဲ့တဲ့ ဘာသာရပ်တွေကို ပြန်တက်စရာမလို တော့ဘဲနဲ့  အချိန်မြန်မြန်နဲ့ဘွဲ့ရတယ်။ပြီးတော့သြစတြေးလျမှာ ကျောင်းတက်ချင်စိတ်လည်း ရှိခဲ့တော့Malaysia Miri Campus မှာ အရင်တက်ပြီးမှသြစတြေးလျPerth campus ကို ပြောင်းလို့ရတာကြောင့်ရွေးချယ်ဖြစ်ခဲ့တာပါ။ နောက်ပြီး Myanmar Search International (MSI)ကသိရတဲ့ သတင်းအချက်တွေကအသေးစိတ်တယ်။ ရင်းရင်းနှီးနှီးနဲ့အကုန်အစအဆုံးကူညီပေးတာရယ်ကြောင့်ေ၇ွးချယ်ဖြစ်ခဲ့တာပါ။

၅ ၊၊Curtin University Sarawak (မလေးရှားနိုင်ငံ)မှာBE Civil Engineering ဘာသာရပ်ကိုတက်ရောက်ဖို့ အတွက်ဘာတွေကြိုတင်ပြင်ဆင်ခဲ့ သလဲ။
    
အဓိကကတော့ English စာကိုပဲအချိန်ပေးလုပ်ခဲ့တယ်။ IELTS ကို Curtin တက္ကသိုလ်ကတောင်းတဲ့brand  6.5 ရအောင် ပြင်ဆင်ခဲ့တယ်။HND တက်နေစဉ်မှာလည်း English ကြိုတင်ပြင်ဆင်ထားပါ။ဖြစ်နိုင်လျှင်လည်း MSI နဲ့ ညှိုနှိုင်းပြီးကြိုတင်ပြင်ဆင်ပါ။
 
၆။ International ကျောင်းသား/သူတွေအတွက် School Activitiesတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းလွယ်ကူ အောင် ဘယ်လိုတွေပြုလုပ်ပေးသလဲ။ Curtin University Sarawak ကဘာတွေစီစဉ်ပေးလဲ။
          ကျောင်း မှာကတော့ activities တွေက အများကြီးပဲ။ အားကစားဝါသနာပါရင်လည်း sport club တွေရှိတယ်။တခြား Volunteer club တွေ နဲ့ ဘာသာရပ် အလိုက် team တွေလုပ်ထားတာတွေလည်း ရှိတယ်။အလုပ် အကိုင်အနေနဲ့ကကျွန်တော့အခုမှစတက်ခါစ ဆိုတော့သိပ်မသိသေးဘူး။ဒါပေမယ့်company တွေ interm ခေါ်တာတွေဘာတွေတော့ကျောင်းမှာခဏခဏတွေ့တယ်။ကျွန်တော်လည်းအချိန်ယူပြီး internship (အလုပ်သင်) ဆင်းဖို့ အတွက်ကြိုတင်ပြင်ဆင်လေ့လာရမည်။

၇။ပြည်ပမှာကျောင်းတက်တဲ့ အခါတွေ့ ကြုံရတဲ့ အခက်အခဲများ(ရှိခဲ့ ပါက)နှင့်ကျော်လွှားဖြေရှင်းခဲ့ ပုံ။
      အခက်အခဲတော့မရှိခဲ့ဘူး။ဒါပေမယ့်ကျွန်တော်တို့ visaလျှောက်တာ နောက်ကျတော့ ကျောင်းဖွင့်ပြီး (၃) ပတ်လောက်နောက်ကျပြီးမှ မြန်မာနိုင်ငံကထွက်ရတယ်။ရောက်လာခါစကတော့ စာတွေနားမလည်တာတွေရှိတယ်။ ဒါပေမယ့်ဆရာတွေနဲ့တွေ့ပြီး ကိုယ်မလိုက်နိုင်တာတွေကိုပြောပြတော့ ပြန်သင်ပေးကြတာကြောင့်လိုက်နိုင်သွားပါပြီ။

၈။ Bachelor ဘွဲ့ ရတဲ့ အထိမလေးရှားနိုင်ငံမှာတက်မှာလား။Main Campus ဖြစ်တဲ့ Australia ကိုပြောင်းဖို့ အစီအစဉ် ရှိလား?
ပြောင်းချင်စိတ်တော့ရှိတယ်။သေတော့မသေချာသေးပါဘူး။ဒီမှာပဲပြီးတဲ့ထိတက်ရင်လည်းသြစတြေးလျကပေးတဲ့ဘွဲ့
နဲ့ အတူတူပဲဆိုတော့ဒီမှာပဲပြီးတဲ့ အထိတက်ဖြစ်ရင်လည်းတက်ဖြစ်မှာပါ။
 
၉။စာသင်ကြားနေစဉ်အတွင်းအခက်အခဲတွေရှိခဲ့ သလား။ကျောင်းပြီးသွားရင်ဘာဆက်လုပ်ဖို့ စဉ်းစားထားသလဲ။
စာသင်ရတာတော့အခက်အခဲမရှိပါဘူး။ကျောင်းပြီးသွားရင်တော့မြန်မာနိုင်ငံမှာလည်းအလုပ်အကိုင်အခွင့်အလမ်းကကောင်းနေတော့မြန်မာနိုင်ငံမှာပဲအရင်ပြန်အလုပ်လုပ် မယ်လို့စဉ်းစားထားပါတယ်။တစ်ချို.ဆို USD700လောက်ရတယ်။ Master ထိပြီးထားတယ်ဆိုရင်တော့ USD 1000လောက်ကစရတယ်။

၁၀။နိုင်ငံခြားတက္ကသိုလ်တွေမှာကျောင်းတက်မဲ့ ကျောင်းသား/သူတွေအတွက်အကြံပြုချက်။
(၁) တက္ကသိုလ်ရွေးချယ်ပုံတက္ကသိုလ်တွေကအများကြီးပဲဆိုတော့ကိုယ်သွားချင်တဲ့နိုင်ငံနဲ့ ကျောင်းရဲ့အကြောင်းကိုအဓိက သေချာ အချိန်ပေးလေ့လာပြီးတော့မှ ရွေးချယ်သင့်တယ်လို့ထင်ပါတယ် ။ကျောင်းတွေ အများကြီးနဲ့ အဆက်အသွယ်ရှိတဲ့ ကုမÜဏီ မှာအတွေ့အကြုံရင့်ကျက်ပြီး နားလည်ကျွမ်းကျင်တဲ့လူတွေနဲ့ သေချာ တိုင်ပင်ပြီး ကျောင်းရဲ့ အသေးစိတ်အကုန်သိရနိုင်တဲ့ နေရာတွေ မှာ စုံစမ်းပါလို့ကျွန်တော်လေးလေးနက်နက်အကြံပေးချင်ပါတယ် ၊ကျောင်းပြီးသွားရင်ရလာမဲ့အလုပ်အကိုင်အခွင့်အလမ်း၊
အကျိုးကျေးဇူးပြင်ဆင်ရမည့်အချက်အလက်တွေကိုကြိုတင်ပြီးလေ့လာထားသင့်တယ်။HNDပြီးမှထပ်စဉ်းစားမယ်ဆိုတဲ့ အဖြစ်မျိုးမဖြစ်အောင်ပြင်ဆင်ပါ။အချိန်ကကျွန်တော်တို့ လူငယ်တွေအတွက်တန်ဖိုးရှိတယ်။
(၂) ပညာရေးဝန်ဆောင်မူကုမ္ပဏီ ရွေးချယ်ပုံစတဲ့ အကြောင်းအရာများကိုပြောပြပေးပါ။
    ပညာရေးဝန်ဆောင်မူကုမ္ပဏီကလည်းမြန်မာနိုင်ငံမှာကအများကြီးရှိတယ်ဆိုတော့ကိုယ်ရဲ့အကြောင်းကိုဂရုစိုက်ပြီး၊
လုပ်ပေးတဲ့ company မျိုးကိုရွေးချယ်ပါလို့ အကြံပြုပါတယ်။

၁၃။အနာဂတ်ရည်မှန်းချက်
  Master Degree အထိရအောင်ယူချင်တယ်။ပြီးရင်မြန်မာနိုင်ငံမှာနေရာကောင်းကောင်းအလုပ်ကောင်းကောင်း
ရချင်တယ်။Fresh Graduated တစ်ယောက်အနေနဲ့ Master ပြီးရင်Engineerနယ်ပယ်မှာအလုပ်လျှောက်ရင်
လစာက (USD 800 (သို့ မဟုတ်)1000)၀န်းကျင်ရတယ်။မြန်မာနိုင်ငံမှာရှိထားပြီးလမ်း၊တံတားအဆောက်အအုံ
တော်တော်များများကအရမ်းအားနည်းနေတယ်။ခဏ၊ခဏပျက်စီးမှုတွေကိုလည်းကျွန်တော်တို့တွေကိုယ်တွေ့ကြုံ
နေရတယ်။ဒါတွေကိုကျွန်တော်တို့ လူငယ်တွေလက်ထက်မှာမဖြစ်အောင်ကျွန်တော်တို့ တတ်ထားတဲ့ပညာကျွန်တော်
တို့ တတ်ထားတဲ့ ပညာနဲ့ Qualityကောင်းကောင်း၊အရည်အသွေးမီအောင်တစ်ဖက်တစ်လမ်းကူညီပေးချင်တယ်။
ဘွဲ့ ရပြီးရင်Master ထိရအောင်ဆက်တက်မယ်။
 
၁၄။MSI အတွက်အကြံပေးစကား။နိုင်ငံခြားမှာကျောင်းသွားတက်မယ်ကျောင်းသား/သူတွေအတွက်အကြံပေး    စကားလေးပြောပေးပါ။
 
MSIကိုပေးချင်တဲ့ message ကတော့ကျွန်တော်တို့ လိုပဲနိုင်ငံခြားမှာကျောင်းသွားတက်မည့်နောင်လူတွေကို လည်း ရင်းရင်းနှီးနှီးနဲ့ဆက်ကူညီပေးပါလို့အကြံပြုချင်ပါတယ်။ကျွန်တော်တို့လိုကျောင်းသွားတက်မည့်လူတွေအတွက်MSI လိုကုမ္ပဏီလိုအပ်တယ်။

Comments

There are no comments

Posting comments after three months has been disabled.