17793260_10203045092684397_967154405_n.jpg

Myanmar Search International -MSI Education Agency မှ Managing Director မစုစုလှိုင်နှင့်တွေ့ဆုံခြင်း

ပိုက်ဆံအများကြီးရှိမှ၊ ပိုက်ဆံရှိတဲ့လူတန်းစားမှ နိုင်ငံခြားမှာ ပညာသင်နိုင်မယ်ဆိုတာ ကျွန်မလက်မခံပါဘူးMyanmar Search International - MSI Overseas Education Agency မှ

Managing Director မစုစုလှိုင်နှင့်တွေ့ ဆုံခြင်း

အရင်ဆုံး ဒီ MSI သင်တန်းအကြောင်းကို မိတ်ဆက်ပေးပါဦး။
      ကျွန်မတို့ MSI ကတော့ ၂၀၁၆ ခုနှစ်ကစပြီးတော့ တည်ထောင်တယ်။ အခုဆိုလို့ရှိရင် ဆယ်နှစ်ပြည့်သွားပြီ။ ဝန်ဆောင်မှုစပေးတုန်းက စင်္ကာပူမှာရှိတဲ့ကျောင်းတွေနဲ့ ချိတ်ဆက်ပေးတယ်။ နောက်ပိုင်းကျတော့ မလေးရှားနိုင်ငံရဲ့ပညာရေးက အရမ်းကိုလည်းကောင်းတယ်။ အဲဒီတော့ မလေးရှားပညာရေးပါ တွဲကိုင်တယ်။ အခုဆိုရင် ထိုင်းနိုင်ငံပေါ့။ ထိုင်းနိုင်ငံမှာရှိတဲ့ Top University တွေနဲ့လည်းတွဲပြီးကိုင်တယ်။ ပြီးတော့တရုတ်နိုင်ငံဘက်ကိုလည်း စပြီးတော့ ခြေဆန့်နေပြီ။ အကုန်ခြုံပြောရမယ်ဆိုရင် စင်္ကာပူ၊ ထိုင်း၊ ဆွစ်ဇလန်၊ မလေးရှား၊ တရုတ်၊ အမေရိကား၊ သြစတြေးလျနိုင်ငံတွေနဲ့စခဲ့ပါပြီ။ ယူကေဘက်ကိုလည်း ဒီ ၂၀၁၇ ခုနှစ်၊ ဧပြီနောက်ပိုင်းမှာလည်းစပြီးတော့မှာ။
အစ်မတို့ MSI က တခြားအေဂျင်စီတွေနဲ့ မတူတဲ့ထူးခြားချက်ကိုပြောပေးပါဦး။
      ကျွန်မတို့ MSI စပြီး တည်ထောင်ကတည်းက Knowledge Share, Carricer ရယ်၊ Family ပေါ့နော်။ Knowledge ဆိုတာက ကျွန်မတို့သိထားတဲ့၊ လေ့လာထားသမျှ၊ တွေ့ကြုံခဲ့တဲ့အတွေ့ကြုံအားလုံးကို ကျောင်းသား၊ ကျောင်းသူတွေနဲ့၊ မိဘတွေကို ပြန်ပြီးမျှဝေပေးမယ်။ အကုန်ချွင်းချက်မရှိပေါ့နော်။ စီးပွားရေးပုံစံမပါပဲနဲ့ သိသမျှအားလုံးကို ပြန်ပြီးတော့မျှဝေပေးမယ်။ Carrier က ကျတော့ ကိုယ်ညွှန်းခဲ့တဲ့ကျောင်းက ကျောင်းသား၊ ကျောင်းသူတွေတွက် Carrier ပါ အထောင်အကူဖြစ်စေရမယ်ပေါ့နော်။ အလုပ်အကိုင် အခွင့်အလမ်းလည်းအားသာချက်ရှိရမည်။ Family ဆိုတာကတော့ အရေးကြီးဆုံးပဲ။ ကိုယ့်ရဲ့မိသားစုတစ်ယောက် နိုင်ငံခြားမှာသွားပြီးပညာသင်မယ်ဆိုရင်၊ ဘယ်လိုမျိုးကျောင်းမျိုးကိုရွေးချယ်မလဲ၊ ဘယ်လို Service မျိုးကိုပေးမလဲ၊ ဘယ်လိုမျိုးဖြစ်စေချင်လဲ၊ အဲ့ဒါလိုမျိုး ကိုယ်ချင်းစာစိတ်အပြည့်နဲ့ မိသားစုစိတ်ဓာတ်နဲ့ ကျောင်းသားတွေကို အစအဆုံးကိုဝန်ဆောင်မှုပေးတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ကုမ္ပဏီစပြီး တည်ထောင်ပြီးကတည်းက Knowledge Share, Carrier, Family ရယ်ကို Foundation အုတ်မြစ်ချထားတဲ့အတွက်ကြောင့်မို့ ကျွန်မတို့ MSI သည် တခြားကုမ္ပဏီအေဂျင်စီတွေနဲ့ မတူဘူးပေါ့နော်။
MSI ကနေတစ်ဆင့် နိုင်ငံခြားမှာကျောင်းသွားတက်တဲ့ ကျောင်းသားဦးရေဘယ်လောက်ရှိနေပြီလဲ။
       တော်တော်များပြီ။ အဲဒီအထဲကနေမှ ကျွန်မတို့ဘက်က စကော်လားရှစ်ကို စခဲ့တာကတော့ ၂၀၁၄ အကုန်မှာစခဲ့တာပေါ့။ ဘာကြောင့်စခဲ့တာလဲဆိုတော့ ၂၀၁၆ မှာကျွန်မတို့ MSI သည် ၁၀ နှစ်ပြည့်တော့မယ်။ ၁၀ နှစ်ပြည့်တော့မယ်ဆိုတဲ့ အချိန်မှာ ကိုယ့်ဘက်ကနေပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကိုပြန်ပြီးတော့ ကျေးဇူးပြုချင်တယ်။ ဘာလုပ်မလဲဆိုပြီး စဉ်းစားတဲ့အခါကျတော့ မြန်မာနိုင်ငံရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ မိဘတွေအကြိုက်ဆုံးက စကော်လားရှစ်ပဲ။ ပညာသင်ဆုတွေ၊ ပညာသင်ထောက်ပံ့ကြေးတွေ၊ အဲ့တာတွေတာရမယ်ဆိုလို့ရှိရင် မိဘတွေဘက်နေပြီးတော့ ငွေကုန်ကြေးကျလည်းအရမ်းသက်သာသလို၊ ကျောင်းသား၊ ကျောင်းသူတွေကလည်း ကိုယ့်ပိုက်ဆံကိုယ်သွားတက်လဲမဟုတ်ဘဲနဲ့ ဂုဏ်သိက္ခာရှိရှိနဲ့ ကိုယ်တွေငယ်ငယ်ကတည်းကနေ အခုချိန်ထိ ကြိုးစားခဲ့တဲ့ ပညားရေးက အလကားဖြစ်မသွားဘူး။ မြန်မာနိုင်ငံရဲ့ပညာရေး၊ မြန်မာနိုင်ငံရဲ့ဆယ်တန်းဟာ အလကားဖြစ်မသွားဘူးဆိုတဲ့ အတွေးကိုတန်ဖိုးထားစေချင်တဲ့အတွက် ကျွန်မတို့ MSI ဘက်ကနေ ဒီအစီအစဉ်စတင်ဖြစ်ခဲ့တာပေါ့နော်။ ၂၀၁၄ ခုနှစ်ကုန်လောက်ကနေစပြီးတော့ အခုချိန်ထိဆိုလို့ရှိရင် နှစ်နှစ်ပေါ့နော်။ နှစ်နှစ်မှာ ကျွန်မတို့ဘက်နေပြီးတော့ ၁၀ နှစ်ပြည့်ဆိုတဲ့ အထိမ်းအမှတ်အနေနဲ့ ကျောင်းသားတွေရဲ့ပညာသင်ဆုနဲ့ ထောက်ပံ့ကြေးတွေကိုလျှောက်ထားပေးနိုင်ခဲ့တာ အယောက် ၁၈၀ နီးပါးရှိပါပြီ။
အခုဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံခြားကကျောင်းတွေကလာပြီး ဖွင့်နေပြီး တချို့မိဘတွေလည်းကိုယ့်ရဲ့သားသမီးကို မျက်စိအောက်မှာပဲ ပညာသင်ခိုင်းကြတယ်။ အဲဒါအပေါ် အစ်မရဲ့ ထင်မြင်ချက်ကိုပြောပေးပါဦး။
      အဲဒါကမကောင်းလားမဟုတ်ဘူး။ ကောင်းတယ်။ ဒါပေမယ့် ကျွန်မအကြံပေးချင်တာပေါ့နော်။ ကလေးတွေကို နိုင်ငံတကာရဲ့အတွေ့အကြုံယူခိုင်းပါ။ အခုဆိုလို့ရှိရင် ကျွန်မတို့ရဲ့အတွေ့အကြုံအရ တချို့မိဘတွေက ဒီမှာသင်တန်းတွေထားကြတယ်ပေါ့။ အဲဒီတော့ ကလေးတွေတွက်ကျတော့ အဆင်မပြေကြဘူး။ ကျောင်းလခတွေကလည်းဈေးကြီးတော့ Quality Education ကိုမရကြဘူး။ ကျောင်းသား၊ ကျောင်းသူတွေကို စည်းမျဉ်း၊ စည်းကမ်းနဲ့ တင်းတင်းကြပ်ကြပ်လုပ်တာမျိုးမဟုတ်ပဲနဲ့ ကျောင်းနေပျော်မှ စာတော်မယ် ဆိုတာမှန်တယ်။ ဒါပေမယ့် ကျောင်းသားတွေကို အရမ်းထားနေတဲ့ပုံစံမျိုးမှာရှိတယ်။ ဆိုတဲ့အခါကျတော့ Quality Education ကလျော့လျော့လာတယ်။ ယူနီဖောင်းလေးတွေနဲ့တက်ကြတယ်။ ဒါက University Life မဟုတ်ဘူး။ ဒါကသင်တန်းတစ်ခုလိုဖြစ်နေတယ်။  သင်းတန်းဆိုတာ သင်တန်း၊ University ဆိုတာက University။ မတူဘူးပေါ့နော်။ အဲဒီတော့ မြန်မာနိုင်ငံကျောင်းပြီသွားတဲ့ကလေးတွေကို ၁၀ တန်းပြီးတာနဲ့ ကလေးတွေရောက်ရမယ့်နေရာက University သင်တန်းမဟုတ်ဘူး။ ဒါကို မိဘတွေသိစေချင်တယ်။ ပြောချင်တာက ပိုက်ဆံအများကြီးရှိမှ၊ ပိုက်ဆံရှိတဲ့လူတန်းစားမှ နိုင်ငံခြားမှာပညာသင်နိုင်မယ်ဆိုတာ ကျွန်မလက်မခံပါဘူး။ ကျွန်မတို့ MSI အနေနဲ့ ကျောင်းကုန်ကျစရိတ်လည်း သက်သာပြီးတော့ Quality ရှိတဲ့ကျောင်းတွေကိုကြိုးစားပြီးတော့ချိတ်ဆက်နေတယ်။
အစ်မတို့ MSI နဲ့ချိတ်ဆက်ထားတဲ့ကျောင်းတွေ ဘယ်နှကျောင်းလောက်ရှိလဲ။
         တရားဝင်ချိတ်ဆက်ထားကတော့ အကုန်လုံးပေါင်း ၃၃ ကျောင်းရှိပြီ။ နောက်ပိုင်းတရားဝင်ချိတ်ဆက်တာနဲ့စာရင် ကလေးတွေကို Option ချပေးတယ်။ ကိုယ့်ပါသာကိုယ် ကျောင်းရှာနိုင်အောင် Training ပေးတယ်။ အဲဒီတော့ မိမိစိတ်ကြိုက်ကျောင်းတွေရွေးချယ်ပါ။ ရွေးချယ်ပြီးလို့ကြိုက်တယ်ဆိုရင် MSI ကိုပြောပါ။ MSI က ကျန်တဲ့စာရွက်စာတမ်းပိုင်း အားလုံးကို ဝန်ဆောင်မှုပေးပါ့မယ်။
နိုင်ငံခြားမှာကျောင်းတက်ပြီး ပြန်လာတဲ့သူတစ်ယောက်က နိုင်ငံတွက်ဘယ်လိုအကျိုးပြုနိုင်မလဲ။
          ကျွန်မအနေနဲ့ ကလေးတွေအမြဲပြောပြတယ်။ နိုင်ငံခြားမှာကျောင်းတက် အလုပ်အတွေ့အကြုံတွေကိုယူပြီးတော့ ကိုယ့်နိုင်ငံကိုယ်ကိုပြန်လာပါ။ ကျွန်မကျောင်းသားအားလုံးကို အဲ့ဒီလိုမှာတယ်။ ကျွန်မာတို့မြန်မာနိုင်ငံမှာ ပညာတတ်တွေလိုအပ်တယ်။ ပြီးခဲ့တဲ့ဟာတွေပြီးပါစေပေါ့။ ပညာတတ်လူငယ်တွေပိုလိုအပ်တယ်။ လူကြီးတွေက အသက်ကြီးပြီလေ။ ဘာလုပ်နိုင်တော့မှာလဲ။ ဒါပေမယ့် လူကြီးတွေရဲ့ အတွေ့အကြုံနဲ့ အခုလူငယ်ခေတ်ပညာတတ်တွေနဲ့ ပေါင်းပြီးတော့မှ ကျွန်မတို့နိုင်ငံက တိုးတက်မှာ။ အဲ့ဒီတော့ ကျွန်မတို့လူငယ်တွေလိုအပ်တယ်။ နိုင်ငံခြားမှာ ဘွဲ့ရပြီးတာနဲ့မလာနဲ့ဦး။ ဟိုမှာအလုပ်အတွေ့အကြုံတွေယူဦး။ ရသလောက်ကို အလုပ်ရှာဦး၊ ၄နှစ်၊ ၅နှစ်နဲ့လုပ်ပြီးသွားပြီးရင် အဲ့ဒီပညာတွေကို ဒီဘက်ကိုယူလာခဲ့။ ဟိုဘက်နဲ့ ဒီဘက်ချိတ်ဆက်ပြီး အလုပ်တွေအများကြီးလုပ်လို့ရတယ်ဆိုပြီး ကျောင်းသားတွေကို အဲ့ဒီလိုမျိုးအဥာဏ်တွေကိုပေးတယ်။ နားထောင်တဲ့သူတွေလည်းနားထောင်ပါတယ်။
ငယ်ရွယ်တဲ့အမျိုးသမီးအနေနဲ့ MSI ကျောင်းကိုစတည်ထောင်မယ်ဆိုပြီး စိတ်ကူးပြီးခဲ့ပုံလေးကို ပြောပြပါဦး။
      အဲ့တာကိုပြောရမယ်ဆိုရင် ကျွန်မဖေဖေနဲ့ ဘဘတို့ကိုပြောရမယ်။ ကျွန်မအမေကနေစရလိမ့်မယ်။ ကျွန်မအမေက ဟိုတုန်းကတည်းက နိုင်ငံခြားကိုသွားပြီးတော့ အတွေ့အကြုံယူဖို့ကို တပည့်သားချင်းတွေကို အဥာဏ်ပေးခဲ့တယ်။ တတ်နိုင်တတ်သလောက်ကို ကူညီပေးခဲ့တယ်။ တစ်နေ့မှာ ရခိုင်က ၇ယောက်၊ ၈ယောက်လောက်ရောက်လာတယ်။ သူတို့လေးတွေကလည်း အေဂျင်စီတစ်ခုက အလိမ်ခံလိုက်ရတယ်။ အဲ့ဒီခေတ်ကတစ်ယောက်ကို ၃၅ သိန်းဆိုတာမနည်းဘူး။ အဲ့ဒီလောက်အများကို အဖေကလည်းမလုပ်ပေးနိုင်ဘူး။ ဘယ်လိုလုပ်လဲဆိုတော့ မိဘတစ်ယောက်ကပြောပြတယ်။ ဒီလိုထိုင်ပြီးကူညီမယ့်အစား နည်းလမ်းကျကျစနစ်တစ်ခုနဲ့ သေချာလေးလုပ်လိုက်ပါလားပေါ့နော်။ အဲ့ဒီလိုဆိုရင် အများကြီးအကျိုးရှိမယ်ပေါ့နော်။ အားလုံးအတွက်လည်းအဆင်ပြေမယ်ပေါ့ အဲ့ဒီအချိန်မှာ ကျွန်မရဲ့ ညီကလေးစင်္ကာပူကိုရောက်နေတယ်။ စင်္ကာပူကကျောင်းမှာ တာဝန်ထမ်းဆောင်နေတော့ အများကြီးကူညီပေးတယ်။ ပြီးတော့ ဒီမှာရှိတာက ကျွန်မဖြစ်နေတယ်။ တကယ်ဖြစ်ချင်တာက တရားဝင်ဖြစ်ချင်တာပေါ့နော်။ ပြီးတော့ ဒီဘက်ကိုလည်း ကူညီပေးချင်တယ်။ စဉ်းစားလိုက်တော့ ဒါကိုကူညီလိုက်ရင် ကုသိုလ်ဖြစ်တာပဲဆိုပြီး အဖေ၊ အဘရယ်ကစပြီး ဖွင့်လိုက်တာပေါ့နော်။ ရိုးရိုးသားသားပြောရရင် ဘာအကျိုးအမြတ်၊ ဘာစီးပွားရေးမှ လုပ်ဖို့စိတ်ကူးမရှိဘူး။ ကူညီချင်တဲ့စိတ်တစ်ခုတည်းနဲ့ Family Business ကိုတည်ထောင်လိုက်တာပေါ့နော်။
အစ်မအနေနဲ့ စီးပွားရေးလည်းတစ်ခါမှမလုပ်ဖူးတော့ စတည်ထောင်တုန်းက အခက်အခဲတွေကို ပြောပေးပါဦး။
        အများကြီးရှိတယ်။ ကျွန်မက စကားပြောရင် ပွင့်ပွင့်လင်းလင်းပြောတတ်တယ်။ ကျွန်မကို သွယ်ဝိုက်ပြီးပြောလည်းမကြိုက်ဘူး။ အဲ့ဒီတော့ အလုပ်လုပ်တဲ့အခါကျ စကားကိုတည့်ပြောလို့မရတာတွေရှိတယ်။ အဲ့ဒီအချိန်မှာ ကျွန်မကိုယ် ကျွန်မပြုပြင်ရတာလည်းရှိတယ်။ စစလုပ်ချင်မှာ ရူးတောင်ရူးချင်တယ်။ နောက်ဘယ်လိုစဉ်းစားလဲဆိုတော့ ကျွန်မရဲ့ဆရာသည်တရားပဲ။ ဗုဒ္ဓ္ဓ္ဓ္ဓစာပေတွေကိုဖတ်တယ်။ အဲ့ဒီတော့ ဒါတွေကိုချပြရတာထက် သူတို့ဘာလိုအပ်လဲဆိုတာ သေချာမေးတယ်။ သူတို့ဖြစ်ချင်တာကို ဖြစ်သင့်တာနဲ့ ယှဉ်ပြီးပြောပြပေးတယ်။ နောက်ပိုင်းအလုပ်ကိုစိတ်ဝင်စားလာတယ်။ ပျော်သွားတဲ့အပိုင်းကဘာလဲဆိုတော့ ပထမဦးဆုံးကျောင်းသားတစ်ယောက်ပေါ့နော်။ အဲ့ဒီတစ်ယောက်က ကိုယ်ပြောတဲ့စကားကိုနားထောင်ပြီးတော့ နောက်နေ့ကျတော့ ပြန်ဖုန်းဆက်တယ်။ အဲ့ဒီကလေးရဲ့ စကားက ကျွန်မအတွက်အားဆေးပဲ။ စေတနာပါပါနဲ့ သေချာရှင်းပြပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တဲ့။ ကျွန်မရွေးချယ်ပေးတဲ့ ကျောင်းကိုပဲသွားပါတော့မယ်ဆိုပြီးပြောတယ်။ ကျွန်မ ဒီ MSI ကို ရှေ့ဆောင်လုပ်ဖို့အတွက် လမ်းစတစ်ခုရပြီးအားရှိသွားတယ်။ အခက်အခဲတွေကတော့ အများကြီးရင်ဆိုင်ခဲ့ရတယ်။ ကိုယ်ဖြစ်ချင်တာက တစ်မျိုး။ အဲ့ဒီမှာ တော်တော်လေးလေ့လာသင်ယူခဲ့ရတယ်။ ကျောင်းသားတွေ၊ မိဘတွေက ကျွန်မရဲ့သင်ဆရာ၊ ကြားဆရာတွေပါပဲ။ သူတို့လိုအပ်တာတွေကို ဖြည့်ဆည်းပေးရင်းနဲ့ MSI ဆိုတာ ဒီလိုဖြစ်လာတာပါ။

Comments

There are no comments

Post a comment