1489455126763.jpg

Min Htike Tun @ Terry Interview

    “ကြိုးစားပါ” အောင်မြင်မှုက လက်တစ်ကမ်းမှာရှိပါတယ်။ ကျောင်းပြီးလို့ ကိုယ့်နိုင်ငံပြန်လာပြီး နိုင်ငံ့အကျိုးပြု ကိုယ်ကိုတိုင်လည်း ကျင့်ဝတ်သိက္ခာနှင့်အညီ ကြီးပွားအောင်မြင်ပြီး စီးပွားရေးသမားကောင်း တစ်ယောက်ဖြစ်ချင်တဲ့ ပညာင်ဆုကို ကျောင်းလခ ၄၀% ကင်းလွတ်ခွင့်ရခဲ့တဲ့ မန္တလေးကျောင်းသား မင်းသိုက်ထွန်း @ Terry ။



၁။    အမည်၊ အသက်၊ နေရပ်လိပ်စာ။
          မင်းသိုက်ထွန်း@ Terry လို့ခေါ်ပါတယ်။အသက်က (၂၀)ရှိပါပြီ။ မန္တလေးမှာနေပါတယ်။

၂။    မြန်မာနိုင်ငံမှာ  နောက်ဆုံးပြီးခဲ့တဲ့  ပညာအရည်အချင်း။
          မန္တလေး ရတနာပုံ တက္ကသိုလ်မှာ Law Major (First Year) တက်ခဲ့ပါတယ်။

၃။    ယခုတက်ရောက်ပညာသင်ကြားနေတဲ့   ကျောင်းအမည်၊ ဘာသာရပ်နှင့်ဘွဲ့အမည်။
Webste University Thailand Campus (Bangkok Center) ပါ။ International Business Management (BA.IB)ပါ။ Myanmar Search International (MSI) နိုင်ငံပညာရေးဝန်ဆောင်မှုနဲ့ဘာသာရပ် ရွေးချယ်မှုမှန်ကန် ဖို့အတွက် အချိန်ယူပြီးသေချာဆွေးနွေးခဲ့တယ်။

၎။     Webster University (Thailand Campus)ရဲ့International Business ဘာသာရပ်ကိုရွေးချယ်
 ရတဲ့ အကြောင်းရင်း။
                International Business Organization တစ်ခုရဲ့ စီမံခန့်ခွဲမှုလုပ်ငန်းဆောင်တာများနှင့် စည်းရုံးရေးဆိုင်ရာ      ကိစ္စရပ်များကိုလက်တွေ့ကျကျသင်ယူချင်တယ်။ ကျောင်းပြီးလို့ ကိုယ့်နိုင်ငံကိုယ်ပြန်လာပြီးနိုင်ငံ့အကျိုးပြု ကိုယ်လည်းကြီးပွားအောင်မြင်တဲ့ စီးပွားရေးသမားကောင်း တစ်ယောက်လည်းဖြစ်ချင်လို့။

      ၅။        အမေရိကန် International Business ဘာသာရပ်မှာ ဘာတွေသင်ကြားရလဲ၊ လူ့ဘောင်လောက                                                                                       လုပ်ငန်းခွင်  ၀င်တဲ့  အခါမှာ ဘယ်လိုတွေ အကျိုးပြုလဲ။
International Marketing, International Business Law, International Management     ဘာသာရပ်တွေကို သင်ကြားရပါတယ်။ ကျောင်းပြီးလို့ လုပ်ငန်းခွင်ထဲဝင်ပြီး နိုင်ငံတကာနဲ့ရင်ဘောင်တန်းပြီး အလုပ်လုပ်ကိုင်တဲ့အခါ ကြုံတွေ့လာနိုင်တဲ့ စွန့်စားမှုတွေကိုနည်းနိုင်သမျှနည်းအောင်လျှော့ချပေးနိုင်ဖို့ အတွေ့အကြုံတွေအများကြီးရပါတယ်။

၆။       ပညာသင်ဆုရာခိုင်နှုန်းဘယ်လောက်ရခဲ့လဲ၊ ဘယ်လိုလျှောက်ထားခဲ့လဲ၊ Myanmar Search International (MSI) နဲ့ဘယ်လိုဆွေးနွေးပြီး ဘယ်လိုရွေးခယ်ခဲ့တာလဲ။
ပညာသင်ဆုငွေကတော့ကျောင်းလခရဲ့ (၄၀%)ကင်းလွတ်ခွင့် ရခဲ့တယ်။ အစကတည်းက နိုင်ငံခြားထွက်ဖို့ အစီအစဉ်ရှိပါတယ်။ဒါပေမယ့် ဘယ်သွားလို့သွားရမှန်းမသိဘူး။ သူငယ်ချင်းတစ် ယောက်ရဲ့အဆက်အသွယ်နဲ့ MSI ကိုသွားတယ်။ MSI ကနေပြီးမှ စိတ်ရှည်ရှည်နဲ့ ဘယ်နိုင်ငံမှာ ဘယ်ကျောင်းကောင်းတွေကိုတက်ရမလဲဆိုတာသေချာရှင်းပြပြီးနောက်ဆုံးမှာကုန်ကျစရိတ်သက်သက်သာသာနဲ့ပညာသင်ဆုတွေပေးနေပြီအမေရိကန်ဘွဲ့ဒီဂရီကို Webster University (Thailand Campus) ကိုရွေးဖြစ်သွားတာပါ။ MSI က မြန်မာတစ်နိုင်ငံလုံးမှာ ပညာသင်ဆုတွေအများဆုံး လျှောက်ထားပေးနေတဲ့ Company ဖြစ်တဲ့အတွက် ကျွန်တော်တို့လို IGCSE ပြီးတဲ့ကျောင်းသား တွေအတွက် အများကြီး အားကိုးလို့ရတယ်။

၇။     အမေရိကန်ပညာရေးလမ်းကြောင်းကို ရွေးချယ်ရတဲ့အကြောင်းအရင်း။
အမေရိကန်ပညာရေးက Flexible ဖြစ်တယ်။ သူက Credit System နဲ့သွားတာဆိုတော့ ဒီ Major   ယူထားရင်ဒီဘာသာရပ်ပဲတတ်ရမယ်ဆိုတာမရှိဘူး၊ ရွေးချယ်လို့ရတယ်။ ကျွန်တော်ဆို International Business Management Major ယူထားတယ်။ (128) Credit ပြည့်ရင်ဘွဲ့ရပြီ။

၈။     Bachelor ဘွဲ့ရအောင်မြင်ပြီးတဲ့အခါ ရှေ့ဆက်လျှောက်ရမယ့် လမ်းကြောင်းနဲ့အနာဂတ်။
လျှောက်ရမယ့်လမ်းကြောင်းထက် ကျွန်တော်လျှောက်ချင်တဲ့ လမ်းကြောင်းကတော့ အခုလိုတံခါးတွေ ပွင့်ပြီးနေ့စဉ်နဲ့အမျှ တိုးတက်နေတဲ့ မြန်မာနိုင်ငံ မှာပဲ ပြည်ပကအတွေ့အကြုံတွေ နည်းစနစ်တွေကို အသုံးချမယ်။ ကိုယ့်ဒူးကိုယ်ချွန်ပြီး အောင်မြင်တဲ့ စီးပွားရေး သမားတစ်ယောက်ဖြစ်ချင်ပါတယ်။ မိသားစုနဲ့ ကိုယ့်ပတ်ဝန်းကျင်တစ်ခုလုံးက အားကိုးရတဲ့သူဖြစ်ချင်တယ်။ အခွင့်သင့်ရင်တော့ MSI နဲ့ တိုင်ပင်ပြီး Master ဆက်တက်ဖြစ်ရင် တက်မယ်။

၉။     International ကျောင်းသား/သူတွေအတွက် School Activities ၊ Internship (အလုပ်သင်) နဲ့ပတ်သက်ပြီး အလုပ်အကိုင်အခွင့်အလမ်း။
School Activities တွေအနေနဲ့ကတော့ Semester တိုင်းလိုလိုရှိပါတယ်။ ကျောင်းသားအသစ်တွေနဲ့ ကျောင်းသားအဟောင်းတွေကို ခင်မင်ရင်းနှီးအောင်ဆိုပြီး ကျောင်းကပျော်ပွဲစားတွေ ခရီးတွေ စီစဉ်ပေးတယ်။
Internship(အလုပ်သင်ကာလ) အနေနဲ့ကလည်း Semester တစ်ခုချင်းစီကို Career Internship Fair တစ်ခါလုပ်ပေးတယ်။ ထိုင်းမှာရှိတဲ့ ထိပ်သီး Company ကြီးတွေကနေလာပြီး ကျွန်တော်တို့ ကျောင်းသူ/သားတွေကို အလုပ်လုပ်ဖို့အတွက် Interview လာခေါ်တယ်။ ဒီနှစ်ထဲမှာ Zico Asean Business Development, UNDP,UN reliefweb, Microsoft,CENTARA GRAND, Conrad Hotel, Anantara Sathorn Hotel,Soho Hospitality,VIVIN,Food Pandan Company တွေကအလုပ်ခေါ်တယ်။ ကျွန်တော်က Internship (အလုပ်သင်) ကာလမှာ အချိန်ပြည့်မလုပ်ဘူး၊ ဝင်ငွေရ Part time လုပ်ဖို့စီစဉ်ထားတယ်။ Internship ကာလကို ကိုယ်အဆင်ပြေရင် ပြေသလို (3) လ ကနေ (6) လ ထိလုပ်လို့ရတယ်။ Semester တိုင်းမှာလျှောက်လို့ရတယ်။ လာလျှောက်တဲ့ ကျောင်းသူ/သားဦးရေက Semster တစ်ခုကို (၈၀) ကနေ (၉၀)အထိရှိတယ်။ Undergraduate ပဲဖြစ်ဖြစ်  Graduate ပဲဖြစ်ဖြစ်အလုပ်ကိုတက်တက်ကြွကြွနဲ့တကယ်လုပ် ချင်တဲ့ကျောင်းသူ/ သားတွေ ထဲက အယောက် (၃၀)၀န်းကျင်ကိုအလုပ်လုပ်ခွင့်ပေးတယ်။ အရှေ့တောင်အာရှကုမ္ပဏီကြီးတွေမှာ အလုပ်သင်အနေနဲ့ ဝင်ရောက်လုပ်ကိုင်ဖို့ဆိုတာ ကျွန်တော်တို့လို နိုင်ငံခြားကျောင်းသူ/ သားတွေ အနေနဲ့မလွယ်ကူဘူး။ အလုပ်လုပ်ခွင့်ရတဲ့အတွက် ကျွန်တော်ကျောင်းပြီးသွားရင် တရားဝင် အလုပ်လုပ်မယ့် Company တွေရဲ့ တရာဝင်ထောက်ခံစာတွေရတဲ့အတွက်ကြောင့်  အလုပ်ကောင်း လစာကောင်းရဖို့အတွက် အများကြီးအထောက်အကူပြုတယ်။

၁၀။         Webster University (Thailand Campus)ရဲ့ Undergraduate President ခေါင်းဆောင်        တစ်ဦးရဲ့တာဝန်က ဘာတွေလဲ။
Undergraduate President တစ်ယောက်အနေနဲ့ လုပ်ဆောင်ရတဲ့တာဝန်တွေကတော့ ကျောင်းသားအရေးကိစ္စတွေ အားလုံးပေါ့။ ကျောင်းသူ/သားတွေ အားလုံးမှာရှိတဲ့ ပြသာနာတွေ၊လူမှုရေးကိစ္စတွေ ၊ Academic နဲ့ဆိုင်တဲ့ကိစ္စတွေ Complaints တွေ ၊ Decisions တွေလုပ်ပေးရပါတယ်။အရေးကြီးဆုံးကတော့ ကျောင်းသူ/သားတွေရဲ့အသံတွေကို အထက်လူကြီးဆီ တင်ပြရတယ်။ကျောင်းသူ/သားတွေစည်းလုံးညီညွတ်ကြဖို့ခေါင်းဆောင်တစ်ယောက်အနေနဲ့ လိုအပ်တာ  တွေ ဖြည့်စည်းပေးရတယ်။ ကျွန်တော့အတွက် အတွေ့အကြုံတွေအများကြီးရတယ်။ နိုင်ငံတကာ ကျောင်းသူ/သားတွေရဲ့ လိုအပ်ချက်တွေကို ညှိနှိုင်းဖြည့်စည်းပေးရ တဲ့အတွက် အများကြီးပညာရတယ်။ ခေါင်းဆောင် တစ်ဦးရဲ့ လုပ်ရမယ့်တာဝန်တွေကိုလည်း ကျွန်တော်သိသွားတယ်။
 
၁၁။         ပြည်ပမှာ ကျောင်းသွားတက်တဲ့အခါ ကြုံတွေ့ရတဲ့ အခက်အခဲများနှင့် ကျော်လွှားဖြေရှင်းခဲ့ပုံ။
          ကျွန်တော်ဘယ်နေရာရောက်ရောက် ဒေါင်ကြကြ ပြားကြကြ နေတတ်တော့ အခက်အခဲ သိပ်မရှိဘူးဗျ။ ကျွန်တော်ကြုံရတဲ့ အခက်အခဲကတော့ ဘာသာစကားပေါ့။ အမေရိကန်ကျောင်းမှာက English လိုတွေသင်ပေမယ့် ထိုင်းနိုင်ငံအကြောင်းကို နှံ့နှံ့စပ်စပ်သိချင်ရင်တော့ Thai ဘာသာစကား သင်ရတယ်။ Thai မှာက English လိုနေရာတကာသုံး လို့မရဘူး။ အဲဒီတော့ Thai စကားသင်လိုက်ရ  တယ်။

၁၂။         ပြည်ပမှာကျောင်းသွားတက်မယ့် ကျောင်းသား/သူတွေအနေနဲ့ဘာတွေကို မဖြစ်မနေကြိုတင် ပြင်ဆင် ထားသင့်လဲ။
          မြန်မာပြည်ကို စွန့်ခွာပြီး ပြည်ပမှာ ကျောင်းသွားတက်မယ့် ကျောင်းသား/သူတွေအတွက် ကြိုတင် ပြင်ဆင်ရမှာကတော့ (1.) စိတ်ဓာတ်ပါပဲ။ အားမငယ်ဖို့ တခြားနိုင်ငံက ကျောင်းသားတွေနဲ့ ပြိုင်ဆိုင်နိုင်ဖို့ အစရှိသဖြင့်ပေါ့။(2.) ပျော်ပျော်နေပါ။ (အရေးကြီးပါတယ်။) နိုင်ငံတကာက ကျောင်းသား/သူတွေ နဲ့ မိတ်ဖွဲ့ပါ။ တချိန် အနာဂတ်မှာ အကျိုးပြုပါလိမ့်မယ်။ (3.) English စာများများလေ့လာခဲ့ပါ။ ကြုံရမယ့်အခက်အခဲတွေ လျော့နည်းသွားတာပေါ့။

၁၃။     အနာဂတ်ရည်မှန်းချက်။ မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းသား/သူတွေအတွက်အကြံပြုချက်။
          အများကြီးမပြောချင်ဘူးဗျ။ကျွန်တော်တို့ လူငယ်တွေအတွက် တစ်ခုပဲပြောချင်ပါတယ် “ကြိုးစားပါ”  အောင်မြင်မှုက လက်တစ်ကမ်းမှာရှိပါတယ်။
 
 
 
 
 

Comments

There are no comments

Posting comments after three months has been disabled.