17102097_10202898039488159_378912529_n.jpg

Mya Myint Zu Interview

ပညာသင်ဆု ၅၀% ချီးမြှင့်ခံရတဲ့ Webster University (Thailand Campus) ရဲ့ကျောင်းသူ မမြမဉ္ဇူ အင်တာဗျူး

 
၁။ အမည်၊ အသက်၊ နေရပ်လိပ်စာ။
    မြမဉ္ဖူ၊ အသက်(၁၆)နှစ်၊ ၃၅လမ်း 70×71လမ်း၊ မန္တလေးတိုင်းဒေသကြီးမှာနေပါတယ်။

၂။ မြန်မာနိုင်ငံမှာနောက်ဆုံးပြီးခဲ့တဲ့   ပညာအရည်အချင်း။
     ILBC ကျောင်းက Sendanary 4 အောင်ပြီး IGCSE ကိုအပြင်ကျူရှင်သင်တန်းကျောင်းတွေမှာ တက်ခဲ့ပါတယ်။ IGCSE ရမှတ်ကတော့ 4A*(a*) ၊ 1A (a) ၊ 1D (d) ရခဲ့ပါတယ်။ ဆရာတွေကလည်းကောင်း ကိုယ်တိုင်လည်းကြိုး စားခဲ့ပါတယ်။

၃။ ယခုတက်ရောက်ပညာသင်ကြားနေတဲ့  ကျောင်းအမည်ကျောင်းနဲ့ဘာသာရပ်။
Webster University (Thailand Campus) မှာ BS in Computer Science ဘွဲ့ကိုရဖို့သင်ယူနေပါတယ်။

၎။ Webster University (Thailand Campus) ရဲ့ BS in Computer Science ဘာသာရပ်ကိုရွေးချယ်   ရတဲ့အကြောင်းရင်း။
အမေရိကန်တက္ကသိုလ် Webster University က ကမ္ဘာ့အဆင့်မီတက္ကသိုလ်တစ်ခုပါ။ ကိုယ်စိတ်ဝင်စားတဲ့ IT    ပညာရှင်တစ်ယောက်ဖြစ်အောင်  ကြိုးစားပြီးကိုယ့်မြန်မာနိုင်ငံရဲ့ IT နည်းပညာ လိုအပ်ချက်တွေကိုကိုယ်တက် နိုင်တဲ့ အားနဲ့ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက်ရွေးချယ်ခဲ့တာပါ။

၅။ ပညာသင်ဆု ရာခိုင်နှုန်း ဘယ်လောက်ရခဲ့လဲ၊ဘယ်လိုလျှောက်ထားခဲ့လဲ၊ MSI နဲ့ဘယ်လိုဆွေးနွေးခဲ့လဲ။
ပညာသင်ဆုရခဲ့တဲ့ ငွေပမာဏ ရာခိုင်နှုန်းက ကျောင်းလခကို (၅၀%) ကင်းလွတ်ခွင့်ရခဲ့ပါတယ်။ ပညာသင်ဆု အနေနဲ့ ကျောင်းလခ (၅၀%) လျှော့ပေါ့ခံစားခွင့်ရတဲ့အတွက် မိဘတွေကလည်း ငွေကုန်ကြေးကျ အများကြီး သက်သာတယ်။ကိုယ်တိုင်ကလဲ ကိုယ်ကြိုးစားထားတဲ့ ပညာရေးရလဒ်တွေပေါ်မှာ ဂုဏ်ပြုချီးမြှင့် တာခံရတဲ့ အတွက် ကိုယ့်ကိုကိုယ့်လဲဂုဏ်ယူတယ်။ငွေရေးကြေးရေးတစ်ခုတည်းကြောင့် ပညာသင်ဆုလျှောက်တာ မဟုတ်ဘူး။တချို့က ပညာသင်ဆုလျှောက်ရင် တမျိုးထင်ကြတယ်။ ပညာသင်ဆုလျှောက်တယ်ဆိုတာ ကိုယ်ကြိုးစားထားတဲ့အရာကို ဂုဏ်ပြုချီးမြှင့်တာဖြစ်တဲ့အတွက်ဂုဏ်ယူရမှာပါ။   မန္တလေးက Sedona Hotel မှာ MSI ကကျင်းပခဲ့တဲ့ နိုင်ငံခြားပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးများ အကြောင်း ဆွေးနွေးပွဲကို သွားတက်ပြီး MSI နဲ့ ဆွေးနွေးခဲ့တယ်။ MSI ကဆွေးနွေးတဲ့ကျောင်းတွေ အများကြီးထဲက Webster University ကိုတွေ့ပြီးကျောင်းလျှောက်ခဲ့တယ်။ MSI ကမြန်မာနိုင်ငံမှာ ပညာသင်ဆုနှင့် ပညာသင် ထောက်ပံ့ကြေးအများ ဆုံးရအောင် လျှောက်ပေးနေတဲ့အတွက် MSI ကိုပဲရွေးချယ်ပြီးတော့ကျောင်းအပ်ခဲ့တယ်။ လိုအပ်တဲ့ Visa ကိစ္စ Scholarship လျှောက်တာတွေနဲ့ လေယာဉ်လက်မှတ် ကအစကျောင်းရောက်ပြီး နေထိုင်ဖို့အ ထိ MSI ကကူညီ ပေးခဲ့တယ်။

၆။ International ကျောင်းသား/သူတွေအတွက် School Activities တွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းလွယ်ကူ အောင်ဘယ်လိုတွေပြုလုပ်ပေးလဲ။
International ကျောင်းသား/သူတွေအတွက် School Activities ၊ Student Clubs တွေရှိတယ်။ Internship (အလုပ်သင်) အတွက် Finance Department, HR Department, Administration Department တွေမှာ Scholarship ရကျောင်းသား/သူတွေအားလုံးအတွက် လုပ်ငန်းခွင်အတွေ့အကြုံရအောင် အလုပ်လုပ်ရတယ်။ စီစဉ်မှုတွေအားလုံးကို Business Department ကစီစဉ်ပေးတယ်။ Internship Fair ကတစ်နှစ်မှာ (၁)ခါလုပ် တယ်။ Student Clubs, Internships, Conferences စတဲ့ School Activities တွေကိုလည်း အမြဲနားစွင့်ပြီး တက်တက်ကြွကြွပါဝင်ဖို့ တိုက်တွန်းလိုပါတယ်။ ဒီအတွေ့အကြုံဟာ အလုပ်လျှောက်တဲ့အခါ လုပ်ငန်းခွင်ဝင်တဲ့အခါ အများကြီး အထောက်အကူပြုပြီး တကယ်အသုံးဝင်ပါတယ်။

၇။ အမေရိကန် ပညာရေးစနစ်လမ်းကြောင်းကို ရွေးချယ်ရတဲ့ အကြောင်းအရင်း။ 
အမေရိကန်တက္ကသိုလ်တွေဟာ ကမ္ဘာ့တက္ကသိုလ် အဆင့်တွေမှာအမြဲပါဝင်နေပြီး ကမ္ဘာ့အကျော်အမော် ပညာရေး ထူးချွန်သူတွေကို မွေးထုပ်ပေးနေတဲ့အပြင် ကမ္ဘာကိုဦးဆောင်နိုင်မယ့်သူတွေ ကမ္ဘာ့နိုင်ငံရေးဦး ဆောင်နေသူတွေ အစဉ်အဆက် ထွက်ပေါ်နေတာကြောင့်ရယ် အမေရိကန်ပညာရေးစနစ်ဖြစ်တဲ့ Liberal Art ကို နှစ်သက်တာ ကြောင့် အမေရိကန်ပညာရေး ကိုရွေးချယ်ခဲ့တာပါ။

၈။ Webster University (Thailand Campus) မှာပဲ ဘွဲ့ရတဲ့အထိတက်မှာလား၊အမေရိကန်နိုင်ငံမှာရှိတဲ့ Main Campus ကို ပြောင်းပြီးပညာသင်ဖို့အစီအစဉ်ရှိလား (သို့) Study Abroad Program နဲ့ Webster ရဲ့အခြား Campus တွေကို ကူးပြောင်းဖို့အစီအစဉ်ရှိလား။
Webster အမေရိကန် ဘွဲ့ကိုရဖို့အတွက် (၃)နှစ်ခွဲကနေ (၄)နှစ်ခွဲအထိကြာမယ်။ Summer တက်ရင်တော့(၃) နှစ်ခွဲလောက်ပဲကြာမယ်။ Myra စဉ်းစားတာကတော့ Thailand Campus မှာ (၃)နှစ် တက်ပြီးရင်တော့ နောက်ဆုံး (၁)နှစ်ကို တော့ American SAINT LOUIS မှာရှိတဲ့ Main Campus ကိုပြောင်းတက်ဖို့ရည်ရွယ်ထားတယ်။ Myra ရှေ့က စီနီယာ အချို့တွေကတော့ Study Abroad Program နဲ့ Transfer Program ဆိုပြီးတော့ (၂) ခုစလုံးနဲ့ သွားတက်နေကြတယ်လို့ (MSI) ကပြောတယ်။ Study Abroad Program ကိုယူမယ်ဆိုရင် အခုတက်နေတဲ့ Thailand Campus က သွားမယ့်နိုင်ငံရဲ့ အသွားအပြန်လေယာဉ်လက်မှတ်ဖိုးကို ကျောင်းက အခမဲ့စီစဉ်ပေးတယ်။ နောက်ဆုံးနှစ်ရောက်တော့မှ အမေရိကန် Main Campus ကိုအပြီးပြောင်းတက်လို့လဲရတယ်။ ကျောင်းလခ ကတော့ထိုင်းနိုင်ငံရဲ့မူရင်းကျောင်းလခနဲ့ One Semester (သို့) One Year ကိုသွားတက်လို့ရတယ်။ Transfer Program ယူမယ်ဆိုရင်တော့ အမေရိကန်နိုင်ငံရဲ့ ကျောင်းလခနဲ့တက်ရမှာပါ။

၉။ ပြည်ပမှာ ကျောင်းသွားတက်တဲ့အခါ ကြုံတွေ့ရတဲ့ အခက်အခဲများနဲ့ ကျော်လွှားဖြေရှင်းခဲ့ရပုံ။
MSI က Mary အတွက် Webster မှာတက်နေတဲ့ MSI ကျောင်းသား/သူ စီနီယာ အစ်ကို၊အစ်မတွေနဲ့ မသွားခင်ကြိုပြီးချိတ်ဆက်ပေးထားတယ်။ Mary ဟိုမရာက်ခင်ကထဲက ရင်းနှီးပြီးသားပါ ပတ်ဝန်းကျင်အသစ် နေရာ အသစ်မှာ အစားအသောက် ၊ အနေအထိုင်အစအဆုံး ကိုယ့်အားကိုယ်ကိုးပြီး ရှင်သန်ရတဲ့အတွက် စိတ်ကိုပြင်ဆင်ထားဖို့လိုပါတယ်။ စာသင်ခန်းထဲကို ရောက်ရောက်ခြင်းတော့ ဘာသာစကားအခက်အခဲ လေယူလေသိမ်း သင်ကြားပုံ သင်ကြားနည်းတွေကို သေချာအာရုံစိုက်ပြီး လေ့လာသင်ယူရလိမ့်မယ်။ Small Class Room Side ထဲမှာ ကျောင်းသားက (၂၀) ကနေ (၂၅) ယောက်ပဲရှိနေတဲ့အတွက် ဆရာနဲ့ကျောင်းသားတွေက တစ်ဦးနဲ့တစ်ဦး အမြဲထိတွေ့နေရတဲ့အတွက် ရင်းနှီးနေတယ်။ ဆရာတွေကိုမမေးချင်ရင်လဲ ကျောင်းသားခေါင်း ဆောင်တွေနဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြီးဆွေးနွေးလို့ရပါတယ်။စာသင်ခန်းထဲမှာမမေးချင်ရင် စာသင်ချိန်ပြင်ပ ကျောင်းထဲမှာတွေ့ဖို့ Appointment လုပ်လို့ရပါတယ်။ Myra တို့ Undergraduate President ခေါင်းဆောင်အသစ် ကိုမင်းသိုက်ထွန်းရှိတယ်။ အဲ့ဒီအစ်ကိုကလဲ MSI ကကျောင်းသားပဲ။ Myanmar Search International (MSI) ကလဲ လိုလေသေးမရှိအားလုံးကိုရှင်းပြထားတယ်။ အခုခေတ်မှာ နည်းပညာနဲ့လမ်းပန်းဆက်သွယ်ရေးတွေ အရှိန်အဟုန်နဲ့ တိုးတက်လာတာကြောင့် ဒီအခက်အခဲကို ရင်ဆိုင်ဖို့ သိပ်မခက်ပါဘူး။

၁၀။ နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့် ကျောင်းသား/သူတွေအနေနဲ့ဘာတွေကို ကြိုတင်ပြင်ဆင်ထားသင့်လဲ။
English Language ကအရေးကြီးလို့ အင်္ဂလိပ်စာကို အဓိကထားသေချာလေ့လာစေချင်တယ်။ ဘယ်နိုင်ငံမှာ ပဲဖြစ်ဖြစ် အင်္ဂလိပ်စာက ပထမဦးစားပေး အဖြစ်ထားရှိတဲ့ဘာသာရပ်ဆိုတော့ အင်္ဂလိပ်စာ ကိုကျွမ်းကျွမ်းကျင်ကျင်နဲ့ ကောင်းကောင်းမွန်မွန် တက်ထားဖို့ အရေးကြီးတယ်။ သူငယ်ချင်းတွေအချင်းချင်း စကားပြောတာကအစ ဆရာ/မ တွေ စာရှင်းပြရင်တောင်မှ အင်္ဂလိပ်စာ နားမလည်ရင် ကျောင်းသားတွေအတွက် အခက်တွေ့ရတယ်။ ကွန်ပျူတာ ပိုင်း လေ့လာထားရင်တော့ ကျောင်းမှာအဆင်ပြေတယ်။ အင်္ဂလိပ်စာကတော့ အဓိကပါပဲ။ Myra ဆိုရင် Computer Science ဘာသာရပ်ကိုတက်နေတယ်။မြန်မာနိုင်ငံမှာ ဘာမှပြင်ဆင်ထားတာမရှိဘူး။ အင်္ဂလိပ်ဘာသာစကားနဲ့ပဲ လေ့လာနေတယ်။ ပုံမှန်စာလုပ်ဖို့ စာကိုအကြွေးမထားဖို့လိုတယ်။ စာသင်ခန်းထဲမှာ အာရုံစိုက်ဖို့လိုတယ်။

၁၁။ အနာဂတ်ရည်မှန်းချက်။
နိုင်ငံတကာအဆင့်မှီ Software Programmer တစ်ယောက်ဖြစ်ချင်ပါတယ်။ညီမရဲ့ပန်းတိုင်ကို ရောက်ရှိလိမ့်မယ် လို့ယုံကြည်တယ်။အမေရိကန်တက္ကသိုလ် Webster University (Thailand Campus) မှာ ပညာသင်ဆုနဲ့ ကျောင်းတက်ရတဲ့အတွက် ကိုယ့်ကိုယ်ကို ဂုဏ်ယူဝမ်းသာတယ်။MSI က စီနီယာ အစ်ကိုအစ်မတွေကလည်း အရမ်းသဘောကောင်းတယ် ကူညီကြတယ်။ ကျောင်းတက်ရတာကိုလဲပျော်တယ်။Myra တို့လိုမြန်မာနိုင်ငံမှာ(၁၀)တန်းအောင်ပြီး၊ IGCSE ပြီးတဲ့ကျောင်းသား/သူတွေ အချိန်ကုန် ငွေကုန်မခံဘဲ MSI ကအစ်မတွေနဲ့ တိုင်ပင်ပြီး ကိုယ်ကြိုးစားထားတဲ့ ပညာရေးရမှတ်တွေနဲ့ ပညာသင်ဆုတွေ လျှောက်ပြီး အခွင့်အရေးတွေယူပါ။မြန်မာနိုင်ငံမှာ နိုင်ငံခြားဘွဲ့ဒီဂရီလက်မှတ်တွေကို အခက်အခဲသိပ်မရှိဘဲ ယူဖို့လွယ်တယ်ဆိုပေမယ့် မြန်မာနိုင်ငံမှာတက်ပြီး ကုန်ကျမယ့် ပိုက်ဆံနဲ့ နိုင်ငံခြားမှာ ကုန်ကျမယ့်ပိုက်ဆံကို ချိန်ကြည့်ပြီး ပြန်ရလာမယ့် မိမိရဲ့အရည်အသွေး၊အရည်အချင်း တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေကို ဘယ်လိုရနိုင်လဲ၊ ဘယ်လောက်ရနိုင်လဲဆိုတာပြန်ပြီးနှိုင်းယှဉ်ကြည့်ပါ။
  
 

Comments

There are no comments

Posting comments after three months has been disabled.