26996331_10204199070093111_704915028_n.jpg

100% Scholarship of SIM GE and MSI Overseas Education

‘‘MSI နှင့် SIM Global Education တို့ပူးပေါင်းကျင်းပသည့် 100% ပညာသင်ဆုဆွေးနွေးပွဲ ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အောင် မြင်စွာ ကျင်းပပြီးစီး”


 စင်္ကာပူနိုင်ငံရှိ SIM Global Education နှင့် နိုင်ငံတကာပညာရေးအတိုင်ပင်ခံ နှင့် ၀န်ဆောင်မှု နယ်ပယ်တွင်(၁၀)နှစ်ကျော် သက်တမ်းရှိ Myanmar Search International (MSI) နိုင်ငံခြား ပညာရေးဝန်ဆောင်မှုကုမ္မဏီတို့ ပူးပေါင်းကျင်းပသည့် 100% ပညာသင်ဆုဆွေးနွေးပွဲကို SIM မှတာဝန်ရှိပုဂ္ဂိုလ်များကိုယ်တိုင်လာရောက်í မန္တလေးတွင် ၂၀၁၈ ခုနှစ် ၊ ဇန်န၀ါရီလ (၁၃)ရက် (စနေနေ့) ၊ နေ့လည် (၁) နာရီမှ (၃) နာရီ အထိ Sedona Hotel (Hilton) ၊ Meeting Room ü လည်းကောင်း ၊ ရန်ကုန် Sule Shangri-la Hotel (တောင်ငူခန်းမ) တွင် ဇန်န၀ါရီလ (၁၄)ရက် (တနင်္ဂနွေနေ့) ၊ နေ့လည် (၁)နာရီ မှ (၃) နာရီ အထိ လည်းကောင်း (၂) ရက်ဆက်တိုက် ကျင်းပပြုလုပ် ပြီးစီးသွားခဲ့ကြောင်း ၊ နိုင်ငံတကာပညာရေးကို စိတ်ဝင်စားလာသော ရန်ကုန်မြို့ နှင့် မန္တလေးမြို့ မှ ကျောင်းသား/လူငယ်များအတွက် ပညာသင်ဆုများရရှိနိုင်ဖို့ရည်ရွယ်í ရွေးချယ် ကျင်းပရခြင်း ဖြစ်ကြောင်း ၊ ၄င်းပညာသင်ဆုကို Myanmar Search International (MSI)   နိုင်ငံခြား ပညာရေးဝန်ဆောင်မှုမှ ဧပြီလနှင့် အောက်တိုဘာလ ကျောင်းဖွင့်ချိန်အတွက် ကျောင်းလျှောက်ထား သူများ ခံစားခွင့်ရှိကြောင်း နိုင်ငံခြားပညာရေးဝန်ဆောင်မှု၏ မန်နေဂျင်းဒါရိုက်တာ  ဒေါ်စုစုလှိုင် ထံမှ သိရှိရသည်။
 
¤င်းပွဲနေ့ü တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးမှ စကာင်္ပူနိုင်ငံရှိ SIM Global Education တွင် စီးပွားရေးဆိုင်ရာ ဘာသာရပ်များအပြင် Communications, Sustainable Events Management, Creative Computing,  Computer Science (Digital systems Security)(Multimedia & Game Development) , Psychology, စသော ဘာသာရပ် (၈၀)ကျော် သင်ယူနိုင်ကြောင်း ၊ Bachelor တန်းအတွက် UK,USA, နှင့် Australia စသော နိုင်ငံများမှဘွဲ့ကို ရယူနိုင်ပြီကြောင်း ၊ RMIT(Australia), University of Wollongong(Australia), University of Birmingham(UK), University of London(UK), University of Warwick, University of Stirling (UK)နှင့် University of Buffalo စသော Universities များမှာ SIM ၏ Partner Universities များဖြစ်ကြောင်း ၊ ကျောင်းသား/သူများ၏ ကျောင်းတက်နေစဉ် ဘ၀အတွေ့အကြုံများနှင့် အလုပ်အကိုင်အခွင့်အလမ်း များ အကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည် ။
တက္ကသိုလ်ဝင်တန်း (၁၀တန်း) ၊ IGCSE / GCE (O) Level , (A) Level အောင်မြင်ပြီးသူများ, HND (UK) ၊ပုဂ္ဂလိကသင်တန်းများ နှင့် အစိုးရကျောင်းများတွင် တက်ရောက်နေသော ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ စိတ်ပါဝင်စားစွာ တက်ရောက် ဆွေးနွေးခဲ့ကြပြီး ၄င်းဆွေးနွေးပွဲကြီးသို့ မတက်ရောက်ဖြစ်သော ပညာသင်ဆုလျှောက်ထားလိုသည့် ကျောင်းသား/သူများ အတွက်လည်း (MSI) နိုင်ငံခြားပညာရေး ၀န်ဆောင်မှုမှ ပြန်လည်ဆွေးနွေးပေးမည် ဖြစ်ကြောင်း သိရှိရသည်။ ပညာသင်ဆုအတွက် လျှောက်ထားလိုသူများသည် MSI Overseas Education ရုံးခန်းအမှတ် (၂၃၄)ဒုတိယထပ် (ညာ) ၊ ရွှေဘုံသာလမ်း (အလယ်ဘလောက်) ၊ ပန်းပဲတန်းမြို့နယ်၊

ရန်ကုန်မြို ဖုန်းနံပါတ် ၀၉-၅၁၀၃၉၁၅ ၊ ၀၁-၃၈၉၉၁၅ ၊ ၀၉-၄၂၀၀၃၇၆၁၆ ၊ ၀၉-၄၀၂၅၁၇၅၄၉ သို့ လူကိုယ်တိုင် သော်လည်းကောင်း ၊ ဖုန်းဆက်íသော်လည်းကောင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

Comments

There are no comments

Post a comment