daw-su-su-hlaing.jpg

Interview with MD Su Su Hlaing

MSI Overseas Education ရဲ့ Managing Director ​ဒေါ်စုစုလှိုင်​မှ ​နိုင်​ငံတကာမှာ ​ဆေး​ကျောင်းတက်​မည့်​ ​ကျောင်းသား/သူ​တွေအတွက်​ ခုလိုဘဲ​ပြောကြားခဲ့ပါတယ်

၁။ နိုင်ငံတကာမှာဆေးကျောင်းတက်ချင်သူတွေအတွက်ဘာတွေလိုအပ်လဲ ?

နိုင်ငံတကာမှာဆေးကျောင်းတက်ချင်သူတွေအတွက် အဓိကလိုအပ်တာက (၁၀) တန်း အမှတ်စာရင်းကောင်းကောင်းရှိထားဖို့လိုအပ်ပါတယ်။ အားနည်းနေရင်တောင်မှ တစ်ဘာသာကိုပျှမ်းမျှ (၇၀) နှင့်အထက်ရှိထားရင် နိုင်ငံတကာမှာရှိတဲ့တက္ကသိုလ်တွေရဲ့ တက္ကသိုလ်အကြို Foundation လို့ ခေါ်တဲ့ Pre-University Program ကိုသင်ရတယ်။ အဲဒါကိုအရင်တက်ပြီးမှကျန်တဲ့ MBBS Bachelor တန်းအတွက် ဆက်ပြီးသင်ယူလို့ရတယ်။ အခုဆို ရင်ကုန်ကျစရိတ်သက်သက်သာ သာနဲ့ဒီ MBBS ဘွဲ့ကိုနိုင်ငံခြားမှာ သင်ချင်တဲ့မြန်မာကျောင်းသူ/သား တွေကများသောအားဖြင့် မလေးရှားနိုင်ငံ ဘက်ကိုသွားနေတယ်။ မလေးရှားမှာ Pre-University Program အရင်တက်ပြီးတော့မှ MBBS ဘွဲ့အတွက်ကိုဆက်ပြီးသင်ကြတယ်။နောက်တစ်ကျောင်းက တော့ သြစတြေးလျနိုင်ငံမှာရှိတဲ့ College မှာ Foundation ကိုစတက်ပြီးတော့မှ University Level ကို သွားတက်တဲ့လမ်းကြောင်းတွေရှိတယ်။ နောက်တစ်ခုက အမေရိကားမှာ Pre-Medicine တက်တယ် ပြီးတော့မှ ဆက်ပြီး MBBS ဘွဲ့ကိုယူတယ်။ တစ်ချို့ဆိုရင် Medicine Doctor လမ်းကြောင်းကို ဆက်ပြီးယူတာကို တွေ့ရတယ်။

၂။ မြန်မာနိုင်ငံမှာဘာတွေကို ကြိုတင်ပြင်ဆင်သင့်လဲ ?

 မြန်မာနိုင်ငံမှာကြိုတင်ပြင်ဆင် လေ့လာသင့်တာကတော့ အဓိက English ပါ။ (၁၀) တန်းစာ မေးပွဲဖြေပြီးတာနဲ့ ကလေးတွေ (၂) ပတ်လောက်ပဲအနားယူပါလို့အကြံပေးပါရစေ။ အနားယူပြီးကိုယ့်ကို ကိုယ်ပြန်ပြီးတော့ အဓိကထားရမယ်။ နောက်ပြီးတော့ Computer Skill တွေကိုလည်း ကျွမ်းကျင်အောင် ပြင်ဆင်ထားရမယ်။MSI Academy သင်တန်းကျောင်းမှာဆိုရင်လည်း နိုင်ငံခြားမှာကျောင်း တက်မယ့်ကလေးတွေအတွက် University ကိုလျှောက်ဖို့ Essay အရေးအသားတွေ Google Drive သုံး ပုံသုံးနည်း၊ Online Free Course ရှာနည်းတွေကိုလည်း Study Abroad Preparation အနေနဲ့သီးခြား သင်ကြားပေးနေတယ်။ အဲဒါကလည်းရည်ရွယ်ချက်ရှိတဲ့ ကလေးတွေအတွက် အခက်အခဲမရှိအောင် MSI ကပထမဦးဆုံးအနေနဲ့ လေ့ကျင့်သင်ကြားပေးလိုက်ခြင်းဖြင့် သူတို့ဘယ်နိုင်ငံဘယ်တက္ကသိုလ်ကိုပဲ သွားသွားအခက်အခဲမရှိဘဲ ပညာသင်ကြားနိုင်မှာပါ။

၃။ ဘယ်လိုကျောင်းတွေကိုရွေးချယ်သင့်လဲ ?

ကျောင်းတစ်ကျောင်းနဲ့တစ်ကျောင်းကတော့ ကုန်ကျစရိတ်အနေဖြင့်ကွာခြားတယ်။ MBBS ဘွဲ့အတွက် ကို Scholarship ပေးတာနည်းတဲ့အတွက် မြန်မာကျောင်းသူ/သားအများစုကမသွားဖြစ် သေးဘူး။ Biomedical Science, Life Science တွေလိုဘာသာရပ်တွေမှာတော့ Scholarship တွေပေးတာများတဲ့အတွက် မြန်မာကျောင်းသူ/သား တွေကိုတွေ့ရတယ်။ Scholarship အမျိုးအစား တွေကဘယ်လိုကွာခြားလဲဆိုတော့ ကိုယ့်ရဲ့ (၁၀) တန်းအမှတ်စာရင်းကို ကြည့်ပြီးတော့ပေးတာရှိသလို / ဘဏ္ဍာရေးအထောက်အပံ့ပေးတာလည်းရှိတယ်။အဲဒီတော့ကျောင်း တွေကို သေချာလေးလေ့လာ စုံစမ်းပါ။ ကျောင်းတစ်ကျောင်းနဲ့တစ်ကျောင်းမှာ အားသာချက်နဲ့အားနည်း ချက်ဆိုတာ တော့ရှိကြတယ်။ တစ်ချို့ကျောင်းတွေကတော့ MBBS Program ကို သင်ကြား နေတယ်ဆိုပေမယ့် ဒီ MBBS Program သေချာအထူးပြုပြီး သင်ကြားပေးနေတဲ့ကျောင်းဟုတ်မဟုတ်၊ ဘာသာရပ် အစုံအလင်ကို သင်ကြားပေးနေတဲ့ ကျောင်းဟုတ်မဟုတ် အစရှိတဲ့အချက်တွေကိုလည်း သေချာလေးပြန် ပြီးတော့ခြုံငုံ သုံးသပ်လေ့လာဖို့လိုပါတယ်။MSI နဲ့ချိတ်ဆက်ထားတဲ့ ကျောင်းတွေ ထဲက အခုလောလောဆယ် ကျောင်းသားအများစုသွားနေတဲ့ ကျောင်းကတော့ မလေးရှား နိုင်ငံမှာဆိုရင် Taylor’s University, IMU, Penang မြို့မှာရှိတဲ့ Aimst University, Monash University, Segi University တို့ကို ကျောင်းသားအများစုက ရွေးချယ်တက်ရောက် ပညာ သင်ကြားနေပါတယ်။မလေးရှားနိုင်ငံမှာကျောင်းတက်နေရင်းနဲ့ World Health Organization (WHO) မှအသိအမှတ်ပြုထားတဲ့ University နဲ့ MSI နဲ့ချိတ်ဆက်ထားတဲ့ ဒီကျောင်းတွေက တရားဝင် ချိတ်ဆက်ထားပြီးဖြစ်ပါတယ် ။ Aimst University နဲ့ Partner ဖြစ်တဲ့ University တွေရှိတဲ့နိုင်ငံတွေကတော့ Japan, India, Philippines, France, Pakistan, UK အပါအ၀င် Thailand စတဲ့ နိုင်ငံတွေမှာရှိတယ်။

၎။ အကြံပြုချက်

နိုင်ငံခြားပညာရေးကို စိတ်ဝင်စားတဲ့ကလေးတွေ ၊ နိုင်ငံခြားမှာသွားရောက် ပညာသင်ကြား ဖို့စီစဉ်ပံ့ပိုးပေးတဲ့မိဘ တွေကိုအကြံပေးချင်တာကတော့ မိမိကလေးအလယ်တန်း (၈) ၊ အထက်တန်း (၉ ၊ ၁၀) ပညာသင်နှစ်တွေ ကိုကျော်ဖြတ်တဲ့အခါအမှတ်များများရပြီး အဆင့် ​ကောင်းကောင်းရဖို့ကိုသာ အာရုံမစိုက်ဘဲ ဘာ သာရပ်တစ်ခုချင်းစီကို သေသေချာချာလေ့လာပြီး သင်ယူစေချင်ပါတယ်။Memorize လုပ်ပြီးစာမေးပွဲဖြေပြီး အမှတ်ကောင်းကောင်းရတာမျိုးကိုမဖြစ်စေချင်ဘူး။ ကျောင်းပညာရေး အတွက်သာမဟုတ်ဘဲ ဗဟုသုတရစေမယ့်စာပေများ၊ Computer နဲ့ English ကိုလည်း လေ့လာ ထားပါ။ အခြား Activities ပိုင်းတွေမှာလည်း ကလေးတွေကိုထူချွန်ထက်မြတ်အောင် မိဘတွေ က ပံ့ပိုးပေးဖို့အကြံပြုချင်ပါတယ်။ဒါမှနိုင်ငံခြားမှာ ကျောင်းတက်ဖို့ အစီအစဉ်ရှိတဲ့ ကလေးတွေ အားလုံး အခက်အခဲမရှိဘဲ ပညာသင်ယူနိုင်မှာပါ။ Addition အနေနဲ့ပရဟိတ၊ လူမှုကွန်ရက်လှုပ်ရှားမှု အထောက်အထားအသိအမှတ်ပြု လက်မှတ်ရှိ ထားရင်ပို ကောင်းပါတယ်။

Comments

There are no comments

Post a comment