jcu.jpg

James Cook University ( JCU ) Singapore Campus

100%, 50%, 25% ပညာသင်ဆုများကို သြစတြေးလျတက္ကသိုလ် James Cook University ( JCU )Singapore Campus မှ ပေးအပ်မည့်အကြောင်းလျှောက်ထားပုံနှင့် လိုအပ်သော
အချက်အလက်များ အကြောင်းကို တောင်ကြီးမြို့နှင့် မန္တလေးမြို့တို့တွင် ကျင်းပပြီးစီး။

MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှုမှ 100%, 50%, 25% ပညာသင်ဆုများကို " အခမဲ့ " လျှောက်ထားပေးမည့် ပညာရေးဆွေးနွေးပွဲကို တောင်ကြီးမြို့ Cherry Queen Hotel ခန်းမတွင်
( ၂၀၁၈ ) ခုနှစ်၊ မတ်လ ( ၃၁ ) ရက် ( စနေနေ့ )၊ နေ့လည် ( ၁ ) နာရီမှ ညနေ ( ၃ ) နာရီအထိလည်းကောင်း၊ မန္တလေးမြို့ Swan Hotel ( ရတနာခန်းမ ) တွင် ( ၂၀၁၈ ) ခုနှစ်၊ ဧပရယ်လ
( ၁ ) ရက်နေ့ ( တနင်္ဂနွေနေ့ )၊ နေ့လည် ( ၁ ) နာရီမှ ( ၃ ) နာရီအထိလည်းကောင်း ကျင်းပပြုလုပ်ပြီးစီးခဲ့သည်။ ၄င်းပွဲနေ့တွင် သြစတြေးလျတက္ကသိုလ် James Cook University (JCU)
၏ July လနှင့် November လ ကျောင်းဖွင့်ချိန်များအတွက် ပထမဦးဆုံး ကျောင်းလျှောက်ထားသူ ( ၅ ) ဦးကို ကျောင်းဝင်ကြေး " အခမဲ့ " ပေးအပ်မည့်အကြောင်း၊ JCU မှ ဘွဲ့ရကျောင်းပြီးသူ
များအတွက် နိုင်ငံတကာ အလုပ်အကိုင်အခွင့်အလမ်းများအကြောင်းကို MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှု၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင်နှင့် ကျောင်းတာဝန်ခံတို့မှ အသေးစိတ်
ဆွေးနွေးပြောကြားခဲ့သည်။

၎င်းပွဲနေ့တွင် Business Management, Hospitality and Tourism Management, Sport and Event Management, Accounting, Finacial Management, Banking and Finace,
Informatin Technology, Arts, Psychological Science, Education ဘာသာရပ်များကို သင်ကြားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ ၄င်းဘာသာရပ်များကို Foundation, Bachelor, Master
တန်းများဖြင့် သင်ကြားလျက်ရှိပြီ ဘွဲ့ဒီဂရီများကို Single Major, Double Majors ( ဘွဲ့နှစ်ခု ) ဖြင့် ရယူလျှောက်ထားသင်ယူနိုင်ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ၏ အချိန်ကုန်၊ ငွေကုန်
သက်သာပြီး ဘာသာရပ်နှစ်ခုကို သင်ကြားရယူနိုင်ရုံသာမက နိုင်ငံတကာ အလုပ်အကိုင်၊ အခွင့်အလမ်းများအတွက်လည်း အထောက်အကူပြုနိုင်ပုံများ၊ စကာင်္ပူနိုင်ငံရှိ JCU တက္ကသိုလ်သည်
စကာင်္ပူနိုင်ငံတွင် ကျောင်းတက်နေစဉ်ကာလအတွင်း စကာင်္ပူ၏ ကျောင်းလခဖြင့် သြစတြေးလျနိုင်ငံ၏ ပင်မတက္ကသိုလ်သို့ ရွှေ့ပြောင်းသင်ကြားနိုင်ကြောင်းများကို ၄င်းပွဲနေ့တွင်အသေးစိတ်
ဆွေးနွေးပြောကြားခဲ့သည်။

၎င်းပွဲနေ့တွင် ပညာသင်ဆုရွေးချယ်ရန် စစ်ဆေးသည့်စာမေးပွဲကို ရန်ကုန်မြို့ Novotel Hotel Eureka Room ခန်းမတွင် ( ၂၀၁၈ခုနှစ် )၊ မေလ ၂၆ရက်၊ နေ့လည် ၃နာရီမှ ၅နာရီအထိ
လည်းကောင်း၊ မန္တလေးမြို့ Hotel Mandalay Sabei Phyu ခန်းမတွင် ( ၂၀၁၈ ခုနှစ် )၊ မေလ ၂၇ရက်၊ နေ့လည် ၃နာရီမှ ၅နာရီအထိလည်းကောင်း ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း
သိရှိရသည်။ ၄င်းပွဲနေ့တွင် MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှု၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင်ပြောကြားချက်အရ ပညာသင်ဆုရရှိထားသော ကျောင်းသား၊ ကျောင်းသူများကို MSI
နိုင်ငံခြားပညာရေးဝန်ဆောင်မှုမှ လိုအပ်သော အင်္ဂလိပ်စာ အရည်အချင်းသက်မှတ်ချက်များကို MSI မှ လေ့ကျင့်သင်ကြားပေးမည့်အကြောင်းနှင့် " အခမဲ့ " ဆေးစစ်ပေးမည်ဖြစ်ကြောင်း
သိရှိရသည်။

၎င်းပွဲနေ့တွင် ပညာသင်ဆုလျှောက်ထားနိုင်သော ကျောင်းသား၊ ကျောင်းသူများမှာ တက္ကသိုလ်ပထမနှစ်ပြီးဆုံးထားသူများ၊ IGCSE (A) Level အောင်မြင်ပြီးသူများ၊ HND ( UK ) ကျောင်း
များတွင် တက်ရောက်နေသော ကျောင်းသား/သူများလည်း လျှောက်ထားနိုင်ကြောင်း သိရှိရသည်။

၎င်းဆွေးနွေးပွဲကြီးကို မတက်ရောက်ဖြစ်သော ကျောင်းသား၊ ကျောင်းသူများအတွက် ထပ်မံသိရှိလိပါက Myanmar Search International ( MSI ) Overseas Education ရုံးခန်းအမှတ် -
( ၂၃၄)၊ ဒုတိယထပ် ( ညာ )၊ ရွှေဘုံသာလမ်း ( အလယ်ဘလောက် )၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့၊ ရုံးဖုန်းနံပါတ် - ( 01-250929, 09-5103915, 09-420037616, 09-402517549, 09-43188691 )
သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။

Comments

There are no comments

Post a comment