MSI and JCU event

100% , 50% , 25% ပညာသင်ဆုများကိုသြစတြေးလျတက္ကသိုလ် James Cook University (JCU) Singapore Campusမှ ပေးအပ်မည့်အကြောင်းလျှောက်ထားပုံနှင့်လိုအပ်သောအချက် အလက်များကြောင်းကိုတောင်ကြီးမြို့ နှင့် မန္တလေးမြို့တို့တွင်ကျင်းပပြီးစီး

MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှုမှ 100% , 50% , 25% ပညာသင်ဆုများကို“ အခမဲ့ ”လျှောက်ထားပေးမည့်ပညာရေးဆွေးနွေးပွဲကိုတောင်ကြီးမြို့Cherry Queen Hotel ခန်းမတွင်(၂၀၁၈)ခုနှစ်၊ မတ်လ(၃၁) ရက်(စနေနေ့)၊နေ့လည်(၁) နာရီ မှ ညနေ (၃)  နာရီအထိလည်းကောင်း၊ မန္တလေးမြို့Swan Hotel (ရတနာခန်းမ)တွင် (၂၀၁၈)ခုနှစ်၊ဧပရယ်လ(၁) ရက်နေ့ (တနင်္ဂနွေနေ့)၊နေ့လည် (၁) နာရီ မှ (၃) နာရီအထိလည်းကောင်းကျင်းပပြုလုပ်ပြီးစီးခဲ့သည်။၎င်းပွဲနေ့တွင်သြစတြေးလျတက္ကသိုလ် James Cook University (JCU) ၏ July လ နှင့် November လ ကျောင်းဖွင့်ချိန်များအတွက်ပထမဦးဆုံးကျောင်းလျှောက်ထားသူ(၅)ဦးကိုကျောင်းဝင်ကြေး “ အခမဲ့ ” ပေးအပ်မည့်အကြောင်း၊JCU မှ ဘွဲ့ရကျောင်းပြီးသူများအတွက် နိုင်ငံတကာအလုပ်အကိုင်အခွင့်အလမ်းများအကြောင်းများအကြောင်းကိုMSI နိုင်ငံခြားပညာရေးဝန်ဆောင်မှု၏ မန်နေဂျင်းဒါရိုက်တာဒေါ်စုစုလှိုင်နှင့် ကျောင်းတာဝန်ခံတို့မှအသေးစိတ်ဆွေးနွေးပြောကြားခဲ့သည်။
၎င်းပွဲနေ့တွင်Business Management , Hospitality and Tourism Management,Sport and Event Management , Accounting , Financial Management, Banking and Finance,Information Technology , Arts , Psychological Science , Education ဘာသာရပ်များကိုသင်ကြားနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။၎င်းဘာသာရပ်များကို Foundation , Bachelor , Master တန်းများဖြင့်သင်ကြားလျက်ရှိပြီဘွဲ့ဒီဂရီများကိုSingle Major , Double Majors(ဘွဲ့နှစ်ခု)ဖြင့်ရယူလျှောက်ထားသင်ယူနိုင်ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ၏အချိန်ကုန်၊ငွေကုန်သက်သာပြီးဘာသာရပ်နှစ်ခုကိုသင်ကြားရယူနိုင်ရုံသာမကနိုင်ငံတကာအလုပ်အကိုင်အခွင့်အလမ်းများအတွက်လည်းအထောက်အကူပြုနိုင်ပုံများ၊စင်္ကာပူနိုင်ငံရှိ JCU တက္ကသိုလ်သည် စင်္ကာပူနိုင်ငံတွင်ကျောင်းတက်နေစဉ်ကာလအတွင်းစင်္ကာပူ၏ ကျောင်းလခဖြင့် သြစတြေးလျနိုင်ငံ၏ပင်မတက္ကသိုလ်သို့ရွှေ့ပြောင်းသင်ကြားနိုင်ကြောင်းများကို၎င်းပွဲနေ့တွင်အသေးစိတ်ဆွေးနွေးပြောကြားခဲ့သည်။
၎င်းပွဲနေ့တွင်ပညာသင်ဆုရွေးချယ်ရန် စစ်ဆေးသည့်စာမေးပွဲကိုရန်ကုန်မြို့ Novotel Hotel Eureka Room ခန်းမတွင် (၂၀၁၈ခုနှစ်)၊မေလ၂၆ရက်၊ နေ့လည် 3 နာရီ မှ 5 နာရီအထိလည်းကောင်း၊မန္တလေးမြို့ Hotel Mandalay SabeiPhyuခန်းမတွင် (၂၀၁၈ခုနှစ်)၊မေလ ၂၇ရက်၊နေ့လည် 3 နာရီ မှ 5နာရီအထိလည်းကောင်းကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရှိရသည်။ ၄င်းပွဲနေ့တွင် MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှု၏ မန်နေဂျင်းဒါရိုက်တာဒေါ်စုစုလှိုင် ပြောကြားချက်အရပညာသင်ဆုရရှိထားသောကျောင်းသား၊ကျောင်းသူများကို MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှုမှလိုအပ်သောအင်္ဂလိပ်စာအရည်အချင်းသတ်မှတ်ချက်များကို MSI မှလေ့ကျင့်သင်ကြားပေးမည့်အကြောင်း နှင့်  “ အခမဲ့ ” ဆေးစစ်ပေးမည်ဖြစ်ကြောင်းသိရှိရသည်။
၎င်းပွဲနေ့တွင်ပညာသင်ဆုလျှောက်ထားနိုင်သောကျောင်းသား၊ကျောင်းသူများမှာတက္ကသိုလ် ပထမနှစ်ပြီးဆုံးထားသူများ၊ IGCSE (A) Level အောင်မြင်ပြီးသူများ၊HND (UK) ကျောင်းများတွင် တက်ရောက်နေသောကျောင်းသား/သူများလည်းလျှောက်ထားနိုင်ကြောင်းသိရှိရသည်။

၎င်းဆွေးနွေးပွဲကြီးကိုမတက်ရောက်ဖြစ်သောကျောင်းသား၊ကျောင်းသူများအတွက်ထပ်မံသိရှိလိုပါက ...........
Myanmar Search International (MSI) Oversea Education
ရုံးခန်းအမှတ်- (၂၃၄)၊ ဒုတိယထပ် (ညာ)၊ရွှေဘုံသာလမ်း (အလယ်ဘလောက်)၊ ပန်းဘဲတန်းမြို့နယ်၊
ရန်ကုန်မြို့ ရုံးဖုန်းနံပါတ် - (01 250929, 09 5103915, 09 420037616, 09402517549, 09 43188691) သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။
 
 

Comments

There are no comments

Post a comment