3.jpg

MSI and MDIS event

MSIမှာကျောင်းလျှောက်ပြီး Study Grant ၊ Scholarship တို့ဖြင့် ရယူပြီး ပညာ သင်ကြားနိုင်သည့် အမေရိကန် နဲ့အင်္ဂလန်နိုင်ငံတို့ရဲ့ ဘွဲ့ဒီဂရီ ၊ ဘွဲ့လွန်များအကြောင်း ၊ IT နည်း ပညာအကြောင်းဆွေးနွေးပွဲ နဲ့ Activity Workshop ပွဲကို ရန်ကုန်မြို့ နှင့် မန္တလေးမြို့တို့တွင် အောင်မြင်စွာကျင်းပပြီးစီး

နိုင်ငံခြားပညာရေးဝန်ဆောင်မှုနှင့် ပညာရေးအတိုင်ပင်ခံနယ်ပယ်တွင် (၁၁) နှစ်ကျော် သက် တမ်းရှိပြီး နိုင်ငံတကာ ဆုတံဆိပ်များစွာချီးမြှင့်ထားခံရရှိထားသည့် Myanmar Search International (MSI) Overseas Education နှင့် Singapore နိုင်ငံ၏ ပထမဦးဆုံးသက်တမ်း အကြာဆုံး Not-For-Profit Professional Institute For Lifelong Learning တက္ကသိုလ် တစ်ခုဖြစ်သည့် Management Development Institute of Singapore (MDIS) တို့ပူးပေါင်းပြီးမန္တ​လေးမြို့တွင် (၆.၁၀.၂၀၁၈) စနေ နေ့  ၊ မနက်(၁၀) နာရီ မှ (၁၂) နာရီ ထိ Swan Hotel (Yadanar Room) နှင့် ရန်​ကုန်မြို့ တွင် (၇.၁၀.၂၀၁၈) တနင်္ဂနွေ နေ့ ၊ နေ့လည် (၁) နာရီ မှ (၃) နာရီ ထိ Sule Shangri - La Hotel (Taungngu Room)  တို့၌ အောင်မြင်စွာကျင်းပပြုလုပ်ပြီးစီးခဲ့သည်။
၎င်းပွဲနေ့တွင်MSI ၏ မန်းနေဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ပညာသင်နှစ် (2) နှစ် မှ (3)နှစ်အထိ တက်ရောက်နိုင်သည့် အမေရိကန်နှင့်အင်္ဂလန်နိုင်င်ငံတို့မှ တိုက်ရိုက်ချီးမြှင့်ပေးအပ်မည့်ဘွဲ့ ဒီဂရီများကို MSI Overseas Education မှ MDIS တက္ကသိုလ်သို့ ကျောင်း လျှောက်ထား၍ ပညာသင်ကြား လိုသူအတွက်Study Grant (ပညာသင် ထောက်ပံ့ကြေး) စင်္ကာပူဒေါ်လာ (၁၅၀၀ မှ ၂၀၀၀ အထိ) ရယူနိုင်သည့် အပြင် အပိုဆုအနေဖြင့် ထူးချွန်သူများအား အမှတ်ပေါ်မူတည်ပြီးထပ်မံ၍ ပညာသင်ဆု (၁၀% မှ ၅၀%) အထိ MSI တွင်ပူးတွဲလျှောက်ထား ရယူနိုင်ပြီး MSIမှာ ကျောင်းအပ်နှံပါက ကျောင်းဝင်ကြေး စင်္ကာပူဒေါ်လာ (321) အခမဲ့ကင်းလွတ်ခွင့်ပါ ပေးအပ်မည်ဟု ပြောကြားခဲ့သည်။
စင်္ကာပူနိုင်ငံ MDIS ကျောင်းမှ တာဝန်ရှိသူ Ms. May Thein Win (Country Manager) က ဆွေးနွေးမျှဝေပေးခဲ့သည့်အကြောင်းအရာများမှာ -MDIS မှ သင်ယူနိုင်မည့် ဘာသာရပ် အသေးစိတ် အချက်များ နှင့်ချိတ်ဆက်ထားသော အမေရိကန် နှင့် အင်္ဂလန်တို့မှ တက္ကသိုလ်များ အကြောင်း ၊ MDIS တွင် ကျောင်းတက်နေစဉ် ကာလအတွင်း allowance (လုပ်ခခံစားခွင့်) On Job Training ဖြင့် လုပ်ကိုင်နိုင်မည့် ဘာသာရပ် ရွေးချယ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ၊ မြန်မာနိုင်ငံမှ အစိုးရ ကျောင်း ၊ Private ကျောင်းတက်ရောက်နေသူများအတွက် အချိန်ကုန်သက်သာစေသော ပညာရေး လမ်းကြောင်းများ ၊ အင်္ဂလန် ဘွဲ့ဒီဂရီတန်းအတွက် နောက်ဆုံးနှစ် (Top up) ကို (8) သို့ (9) လ သာတက်ရောက် ရယူနိုင်မယ့် အကြောင်းများ ၊ ဟိုတယ် နှင့် ခရီးသွားဘာသာရပ် တွင် ၀င်ငွေလုပ်ခ လစာရ Paid Internship (6) လ ပါဝင်သည့် အတွေ့အကြုံများကို ရှင်းပြပေးခဲ့သည် ။ ဆက်လက်ပြီး နည်းပညာ ဘာသာရပ်လမ်းကြောင်းများကို Information Technology Lecturer ဖြစ်သော Head of School မှ Ms. Mullaikodi Vaithilingam မှ စိတ်ဝင်စားစရာ Activities များနှင့်အတူ workshop ကိုပြုလုပ်ပေးခဲ့သည်။
မြန်​မာနိင်ငံမှအစိုးရ ကျောင်း/ပုဂ္ဂလိကကျောင်းတက်ရောက်နေသူများ ​/ IGCES / GCE 'O' level / HND (UK), NCC , ABE, LCCI Level (3) တက်ရောက်နေသူများနှင့် ပြီးဆုံး အောင်မြင် ပြီးသူများ၊နိုင်​ငံခြားပညာ​ရေး စိတ်​ဝင်​စားသူများအားလုံးပွင့်လင်းစွာ လာရောက် ဆွေးနွေးခဲ့ကြသည်။

အသေးစိတ်ထပ်မံ၍ စုံစမ်းလိုပါက ရန်​ကုန်​ဖုန်း-09-5103915, 09-420037616 , 01-381408 နှင့်
မန္တ​လေးဖုန်း 09-402517549, 01-373461 09-767847673 သို့ ဆက်သွယ် ၍ ကျောင်းလျှောက်ထားနိုင်ပါသည်။
လူကိုယ်တိုင်လာရောက်စုံစမ်းလိုပါက
MSI ရုံးခန်းလိပ်​စာ : အမှတ်​ (234) ၊ ဒုတိယထပ် (ညာ) ​ရွှေဘုံ သာ အလယ်​လမ်း (အလယ်​ဘ​လောက်​) ၊ ပန်ပဲတန်းမြို့နယ်​သို့ကိုယ်တိုင် လာရောက်ဆွေးနွေးနိုင်သည်။
 
 

Comments

There are no comments

Post a comment