4.jpg

MSI and psb event

 နိုင်​ငံတကာ ​ဆေးပညာနယ်​ပယ်​တွင်​ ​အောင်​မြင်​ချင်​​သော အနာဂတ်​လူငယ်​များအတွက်​ Life Science Education Workshop ကို ရန်ကုန် နှင့် မန္တလေးမြို့တို့တွင် MSI မှ ကြီးမှူး ကျင်းပသွားမည်

              နိုင်​ငံတကာ အသိအမှတ်​ပြု "ဆရာဝန်​" တစ်​ဦး ဖြစ်​လာ​အောင်​ ဘယ်​လိုလုပ်​ရမလဲ ၊ ဘာ​တွေ လိုအပ်​လဲ ၊ သိလိုသူများအတွက်​ ပညာသင်​ဆု နှင့်​ ပညာသင်​​ထောက်​ပံ့​​ကြေးများစွာ မြန်​မာနိုင်​ငံမှ ​ကျောင်းသား/သူများကို ​လျှောက်​ထား​ပေးပြီးဖြစ်​တဲ့ Myanmar Search International (MSI) နိုင်​ငံခြားပညာ​ရေး ဝန်​​ဆောင်​မှု နှင့်​ စင်္ကာပူနိုင်​ငံ၏ ပညာ​ရေးနယ်​ပယ်​တွင်​ Edu Trust သာမက အခြားဆု​ပေါင်းများ စွာ ရရှိပိုင်​ဆိုင်​ထားသည့်​ psb Academy တို့ ပူး​ပေါင်းကာ ရန်​ကုန်မြို့ တွင် (၂၁.၇.၂၀၁၈) စနေနေ့ ၊ နေ့လည် (၁) နာရီ မှ (၃) နာရီ ၊ Slue Shangri-La Hotel (တောင်ငူခန်းမ) နှင့်​ မန္တ​လေးမြို့တွင် (၂၂.၇.၂၀၁၈) တနင်္ဂနွေ နေ့  ၊ နေ့လည် (၁) နာရီ မှ (၃) နာရီ ၊ Swan Hotel (ရတနာခန်းမ) တို့၌ Life Science Education Workshop လူငယ်များအတွက် (သိပ္ပံပညာရပ် နှီးနှောဖလှယ်ပွဲ) နှင့် စင်္ကာပူနိုင်ငံ၏ အစိုးရ နှင့် ပုဂ္ဂလိက ပညာရေးသတင်း အချက်အလက် ဆွေးနွေးမျှဝေပွဲ ကို ကျင်းပပြုလုပ်​သွားမည်​။
              အထူးသတင်း​ကောင်းတစ်ရပ်အ​နေဖြင့်  psb Academy သည် ယနေ့ခေတ် စင်္ကာပူနိုင်ငံ၏ ထိပ်ဆုံး၌ ရပ်တည်နေသည့် နာမည်ကျော် ကျောင်းစာရင်းဝင် ဖြစ်သည့်အလျောက် 2018 ခုနှစ်​ ၊ သြဂုတ်​လ ​ကျောင်းဖွင့်​ချိန်​တွင်​ ပညာသင်​ဆု (25%) ကို Diploma in Network Defense and Forensic Countermeasures ဘာသာရပ်​အတွက်​ ​ပေးအပ်​သွားမည်​ဖြစ်​၍ (13.7.2018) ​နောက်​ဆုံးထားပြီး ​Myanmar Search International (MSI) သို့ တိုက်ရိုက် လာရောက် လျှောက်​ထားနိုင်​သည်​ ။
               စင်္ကာပူနိုင်​ငံ အစိုးရအသိအမှတ်​ပြု ဘွဲ့ဒီဂရီများသာမက UK နှင့်​ Australia နိုင်​ငံကြီးများ ရှိ ကမ္ဘ့ာထိပ်​တန်း Top Universities တို့မှ ​ပေးအပ်​သည့်​ ဘွဲ့ဒီဂရီတို့ကို psb Academy မှာ တက်​​ရောက်​သင်​ယူပြီး ​ကျောင်းလခသက်​သာစွာဖြင့်​ ရယူနိုင်​သည် ။ Tiong Bahru မြို့ရှိ Delta Campus နှင့်​ Marina Square ရှိ City Campus ဟူ၍ ​Campus နှစ်​ခုဖွင့်​လှစ်​ထားပြီး Certificate, Diploma, Bachelor , Postgraduate Diploma, Master စသည့် level များကို တက်​​ရောက်​နိုင်​သည်​ ။ ရွေးချယ်​ တက်​​ရောက်သင်ယူ​နိုင်​သည့်​ ဘာသာရပ်​များ မှာ- Academic English, InfoComm Technology, Business, Engineering , Tourism & Hospitality Management, Life Science, Biomedical Science, Pharmaceutical, Global Logistics and Supply Chain Management, Medicine, Network Defense and Forensic Countermeasures တို့ဖြစ်သည် ။
              MSI ရဲ့ မန်နေဂျင်း ဒါရိုက်တာ ဒေါ်စုစုလှိုင်မှ “ ဆယ်တန်းအောင်ပြီး ဆေးကျောင်းတက်ဖို့ အခွင့်အရေး မရခဲ့တဲ့ ကျောင်းသားတွေအတွက် ပြန်ကြိုးစားဖို့ နောက်တစ်ကြိမ်ရရှိမယ့် အခွင့်အရေးတစ်ခုပါ ။ အကယ်၍ ဆေးကု သပေးနိုင်တဲ့ ဆရာဝန်တစ်ယောက် မဖြစ်ရင်တောင် ဆေးပညာကို နားလည်တဲ့သူတွေ ဖြစ်လာမှာပါ ။ ဆေးဝါးတစ်ခု ရဲ့ အရည်အသွေးကောင်း ၊ မကောင်း စစ်ဆေးမှု ၊ ဆေးဝါးသုံးစွဲသူတွေအတွက် ကောင်းကျိုး နဲ့ ဘေးထွက်ဆိုးကျိုး တွေ ၊ ခန္ဓာကိုယ်ထဲမှာ ရောဂါရှာဖွေတဲ့ ကိရိယာစက်ပစ္စည်းတွေကို အန္တရာယ်မဖြစ်အောင် ကာကွယ်စမ်းသပ်မှု (ဥပမာ - အစားအသောက် ၊ အလှကုန်ပစ္စည်းကအစ သုံးစွဲသူတွေမှာ ဘေးအန္တရာယ် ရှိမရှိ စတဲ့ အကြောင်းအရာတွေ ကို နား လည်အကဲဖြတ် ဖြေရှင်းပေးနိုင်မယ့် နည်းပညာရှင် ၊ အတတ်ပညာရှင် ဖြစ်ချင်သူများ အတွက် Life Science ဆိုတဲ့ ဒီဘာသာရပ် က အထူးသင့်တော်ပါတယ် ။ psb Academy မှာ Biomedical Science, Molecular Biology, Pharmaceutical Science စတဲ့ ဘာသာရပ်တို့ဖြင့် Bachelor ပြီးဆုံးအောင်မြင်သူများအနေဖြင့် Top 10 University ဖြစ်တဲ့ La Trobe University ၏ Entrance ကို ဖြေဆိုခွင့်ရမည်ဖြစ်ပြီး ဖြေဆိုအောင်မြင်ပါက ဆေးဘက်ဆိုင်ရာ ဘာသာရပ် ကို (၃) နှစ် ဆက်လက်တက်ရောက် နိုင်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။
               မြန်​မာအစိုးရ ဆယ်​တန်း​ ​အောင်​မြင်​ပြီးသူများ ၊ IGCSE / GCE O'Level / A'Level ​အောင်​မြင်​ပြီးထားသူ များ ၊ HND , ACCA , ABE ဒီပလိုမာတန်း ပြီးထားသူများ ၊ တက္ကသိုလ် တက်ရောက်နေသူများ ၊ ဘွဲ့ရပြီး သူများ ၊
နိုင်​ငံခြားပညာ​ရေး နှင့်​ ပညာသင်​ဆု စိတ်​ဝင်​စားသူများ သာမက မိဘများပါလိုက်ပါ တက်ရောက် ဆွေးနွေးမေးမြန်း နိုင်ကြောင်း MSI မှသိရှိရသည်။
အခမဲ့ ဆွေး​နွေးပွဲ တက်​​ရောက်​ရန်​ စာရင်း​ပေးသွင်းလိုသူများ
ရန်​ကုန်​ ဖုန်း 09-5103915, 09-420037616 , 01-381408 နှင့်
မန္တ​လေး ဖုန်း 09-402517549, 01-373461, 09-767847673 သို့ ဆက်သွယ် ၍ သော် လည်းကောင်း ၊
လူကိုယ်​တိုင်​ လာ​ရောက်​စာရင်း​ပေးလိုပါက ........
MSI ရုံးခန်းလိပ်​စာ : အမှတ်​ (234) ၊ ဒုတိယထပ် (ညာ) ​ရွှေဘုံ သာ အလယ်​လမ်း (အလယ်​ဘ​လောက်​) ၊ ပန်းပဲတန်းမြို့နယ်​ သို့ လာရောက် စာရင်းပေးသွင်းနိုင်သည် ။
 

Comments

There are no comments

Post a comment