Why Study in Singapore?

Why study in Singapore? (စင်ကာပူနိုင်ငံ တွင် ပညာသင်ကြားခြင်း) 1)Excellent Education(Quality Education) စင်ကာပူနိုင်ငံရဲ့ ပညာအဆင့်အတန်းဟာ Primary (အခြေခံ) မှ စလို့ အဆင့်မြင့်(Further/Higher Education)ထိအရည်အသွေး ကောင်းမွန်ပါတယ်။ Primary အဆင့်မှာဆိုရင် International School(နိုင်ငံတကာကျောင်)းပေါင်း ၃၀ ကျော်ရှိပါတယ်။ ပြည်တွင်းတက္ကသိုလ် (၅)ခု ဟာလည်း ကမ္ဘာ့အဆင့်မီတဲ့ အပြင် အခြား ပုဂ္ဂလိက တက္ကသိုလ်တွေဟာလည်း အဆင့်မြင့် ပညာရေးကောင်စီ (Council for Higher Education)ရဲ့ အုပ်ချုပ်မှုအောက်မှာရှိပါတယ်။ 2)Cheapness(ဈေးသက်သာခြင်း) စင်ကာပူမှာ ပညာသင်ကြားတဲ့ စရိတ်ဟာ အခြား လူရွေးများတဲ့ နိုင်ငံတွေဖြစ်တဲ့ USA,UK,Canada,Australia တို့ထက်စာရင်အများကြီးသက်သာပါတယ်။ နေ၊စား၊သွား စရိတ်ကအစ သက်သာပါတယ်။ ဒါ့အပြင် စင်ကာပူနိုင်ငံမှာ ပညာသင်ကြားရုံနဲ့ UK,Australia နိုင်ငံတွေကနေ တိုက်ရိုက်ပေးအပ်တဲ့ ဘွဲ့ဒီဂရီတွေလည်း ရရှိနိုင်ပါတယ်။ 3)No Language Barrier(ဘာသာစကား အခက်အခဲ မရှိ) စင်ကာပူနိုင်ငံရဲ့ Multi-Racial Nature ကြောင့် English ဘာသာ သာ တတ်မြောက်ထားရင် စိတ်ပူစရာမလိုပါဘူး။ English ဘာသာဟာ စင်ကာပူနိုင်ရဲ့ ရုံးသုံးဘာသာစကား (၄) ခုထဲက တစ်ခုဖြစ်ပါတယ်။ 5)Green,Clean and Safe Environment(သန့်ရှင်းသောလူနေမှု) Singapore နိုင်ငံက "Fine City" လို့လဲ နာမည်ကြီးပါတယ်။ အကယ်၍ သင်ဟာ စင်ကာပူနိုင်ငံပတ်ဝန်းကျင်ကို နည်းနည်းလေးပဲဖြစ်ဖြစ် ညစ်ညမ်းစေမယ်ဆိုရင် ဒဏ်ငွေ ဒေါ်လာ တစ်ထောင်ပါပဲ။ ထပ်မံ ကျူးလွန်ရင် ဒေါ်လာ ငါးထောင် ဒဏ်ငွေပါ။ ဒါကြောင့် အမှိုက်တောင် မချရဲကြပါဘူး။ ရာဇဝတ်မှု ဖြစ်ပွားမှု(Crimes Rate)လည်း အရမ်းနည်းပါတယ်။

Comments

There are no comments

Post a comment