daw-su-su-hlaing.jpg

Interview with MD Su Su Hlaing

MSI Overseas Education ရဲ့ Managing Director ​ဒေါ်စုစုလှိုင်​မှ ​နိုင်​ငံတကာမှာ ​ဆေး​ကျောင်းတက်​မည့်​ ​ကျောင်းသား/သူ​တွေအတွက်​ ခုလိုဘဲ​ပြောကြားခဲ့ပါတယ်

17793260_10203045092684397_967154405_n.jpg

Myanmar Search International -MSI Education Agency မှ Managing Director မစုစုလှိုင်နှင့်တွေ့ဆုံခြင်း

တော်တော်များပြီ။ အဲဒီအထဲကနေမှ ကျွန်မတို့ဘက်က စကော်လားရှစ်ကို စခဲ့တာကတော့ ၂၀၁၄ အကုန်မှာစခဲ့တာပေါ့။ ဘာကြောင့်စခဲ့တာလဲဆိုတော့ ၂၀၁၆ မှာကျွန်မတို့ MSI သည် ၁၀ နှစ်ပြည့်တော့မယ်။ ၁၀ နှစ်ပြည့်တော့မယ်ဆိုတဲ့ အချိန်မှာ ကိုယ့်ဘက်ကနေပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကိုပြန်ပြီးတော့ ကျေးဇူးပြုချင်တယ်။ ဘာလုပ်မလဲဆိုပြီး စဉ်းစားတဲ့အခါကျတော့ မြန်မာနိုင်ငံရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ မိဘတွေအကြိုက်ဆုံးက စကော်လားရှစ်ပဲ။ ပညာသင်ဆုတွေ၊ ပညာသင်ထောက်ပံ့ကြေးတွေ၊ အဲ့တာတွေတာရမယ်ဆိုလို့ရှိရင် မိဘတွေဘက်နေပြီးတော့ ငွေကုန်ကြေးကျလည်းအရမ်းသက်သာသလို၊ ကျောင်းသား၊ ကျောင်းသူတွေကလည်း ကိုယ့်ပိုက်ဆံကိုယ်သွားတက်လဲမဟုတ်ဘဲနဲ့ ဂုဏ်သိက္ခာရှိရှိနဲ့ ကိုယ်တွေငယ်ငယ်ကတည်းကနေ အခုချိန်ထိ ကြိုးစားခဲ့တဲ့ ပညားရေးက အလကားဖြစ်မသွားဘူး။ မြန်မာနိုင်ငံရဲ့ပညာရေး၊ မြန်မာနိုင်ငံရဲ့ဆယ်တန်းဟာ အလကားဖြစ်မသွားဘူးဆိုတဲ့ အတွေးကိုတန်ဖိုးထားစေချင်တဲ့အတွက် ကျွန်မတို့ MSI ဘက်ကနေ ဒီအစီအစဉ်စတင်ဖြစ်ခဲ့တာပေါ့နော်။ ၂၀၁၄ ခုနှစ်ကုန်လောက်ကနေစပြီးတော့ အခုချိန်ထိဆိုလို့ရှိရင် နှစ်နှစ်ပေါ့နော်။ နှစ်နှစ်မှာ ကျွန်မတို့ဘက်နေပြီးတော့ ၁၀ နှစ်ပြည့်ဆိုတဲ့ အထိမ်းအမှတ်အနေနဲ့ ကျောင်းသားတွေရဲ့ပညာသင်ဆုနဲ့ ထောက်ပံ့ကြေးတွေကိုလျှောက်ထားပေးနိုင်ခဲ့တာ အယောက် ၁၈၀ နီးပါးရှိပါပြီ။ 

(MSI) နိုင်ငံခြားပညာရေး ၀န်ဆောင်မှုလုပ်ငန်းရဲ့ မန်နေဂျင်း ဒါရိုက်တာ ဒေါ်စုစုလှိုင် အင်တာဗျူး

MSI နိုင်ငံခြားပညာရေး ၀န်ဆောင်မှုလုပ်ငန်း၏ မြန်မာနိုင်ငံကျောင်းသား/သူတွေအတွက် အကျိုးသက်ရောက်မှု ရှိမည့်အနေအထား ၊ သတ်မှတ်ထားသည့် စံချိန်စံညွှန်း အရည်အသွေးပြည့်မီသည့် သင်တန်းကျောင်းမျိုး ဖွင့်လှစ်ရန် အနာဂါတ်တွင် ရည်ရွယ်ချက်ရှိပါသည်။
 

မစုစုလှိုင်နှင့် Opportunity Journal အင်တာဗျူး

- မြန်မာနိုင်ငံကကျောင်းသားတွေရဲ့ ပြည်ပ ပညာရေးအခွင့်အလမ်းတွေကအရင်ပြီးခဲ့တဲ့ နှစ်တွေကထက်စာရင်ပိုပြီးကျယ်ပြန့်တိုးတက်လာတယ်။ပြီးခဲ့တဲ့ 2012ခုနှစ်ကဆိုရင် အရှေ့ တောင် အာရှကကျောင်းတွေ အပြင်အနောက်နိုင်ငံနဲ့ဥရောပနိုင်ငံကကျောင်းတွေကပါ မြန်မာ နိုင်ငံကိုခေါင်းစဉ် အမျိုးမျိုးနဲ့ လာရောက်ပြီး ပညာရေး ဈေးကွက် ချဲ့ထွင် လာကြတယ်။ ဥပမာ-ပညာသင်ဆု၊ ပညာသင်ထောက်ပံ့ကြေးစတဲ့ခေါင်းစဉ် အကြောင်းအရာတွေနဲ့ မိတ်ဆက်ဝင် လာကြတယ်။ အဲ့ဒီအခွင့်အလမ်းတွေကို စိတ်ဝင်စားတဲ့ မြန်မာကျောင်းသားတွေအတွက် ပြည်ပ ပညာရေး အခွင့်အလမ်းတွေ တိုးတက်လာတယ်လို့ သုံးသပ် မိပါတယ်။

မစုစုလှိုင်နှင့် Private Education အကြောင်း အင်တာဗျူး

  ၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်းလောက်မှ စ၍ပြည်တွင်း၌ နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်၍ ပုဂ္ဂလိကကျောင်းများဖွင့်လှစ်မှုရှိလာသည် ကိုဂရုပြုမိကြပေမည်။ ကျောင်းသားအများစုကလည်း စိတ်ဝင်စားမှုရှိကြသလိုပြည်မတက္ကသိုလ်များသို့ သွားရောက်ပညာသင်မှုနှုန်းထားမှာလဲ ယင်းကျောင်းများစတင်ဖွင့်လှစ်သည့် အချိန်မှ စ၍ လျော့နည်းစပြုလာခဲ့သည်။ ထိုသို့ကျောင်းသားအများစု စိတ်ဝင်စားမှုရှိနေသည့် Private University များ၏ ရှိထားရမည့် လိုအပ်ချက်များနှင့် ယင်းကျောင်းများဖွင့်လှစ်ခြင်းအားဖြင့် မြန်မာကျောင်းသားများ မည်ကဲ့သို့ အကျိုးရှိနိုင်မည်ကို သိရှိရန်လည်း လိုအပ်ပေသည်။
ma-su-su-hlaing.jpg

"Ma Su Su Hlaing"

  အရင်တုန်းကဆိုရင် သြစတြေးလျ၊ အင်္ဂလန် ၊ အမေရိကန် စတဲ့နိုင်ငံကြီးတွေကဘွဲ့ကိုလိုချင်တယ်ဆိုရင် အဲဒီနိုင်ငံကို သွားပြီးသင်ရတယ်။ အခုဆိုရင် အရှေ့တောင်အာရှမှာအဲဒီနိုင်ငံကြီးတွေကဖွင့်တဲ့ကျောင်းခွဲတွေမှာ၊ သို့မဟုတ် အဲဒီတက္ကသိုလ် တွေကသင်ရိုးညွှန်းတမ်းတွေကိုသင်နေတဲ့ကျောင်းတွေမှာလည်း ကုန်ကျစရိတ်သက်သက်သာသာနဲ့ သင်လို့ရတယ်။ ကျောင်းအမှန်အကန်ကိုရွေးချယ်တတ်ဖို့တော့လိုတာပေါ့။